အာရှချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ ကစားရမှာပါ။

ဒီနေ့ကစားရတော့မယ့် ယူအေအီးကလပ် အယ်လ်အိန်းနဲ့ အာရှချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့အတွက် သူ အသင့်ဖြစ်နေပြီလို့ ရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပြီး ဒီပွဲဟာ အယ်လ်နာဆာအတွက်တော့ အရေးပါတဲ့ ပွဲဖြစ်နေပါတယ်။ 

ပထမအကျော့မှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့တာမို့ အိမ်ကွင်းမှာ အယ်လ်နာဆာတို့ ရုန်းကန်ရမှာပါ။ အမှတ်ပေးလိဂ်မှာလည်း အယ်လ်ဟီလယ်နောက် ရမှတ်အများကြီးကွာဟသွားတာမို့ ဆုဖလားမျှော်လင့်ချက်အတွက် အာရှချန်ပီယံလိဂ်ဖလားက အဓိကဖြစ်လာတာပါ။ ဒီပွဲက သူတို့အတွက် သေရေးရှင်ရေးလို ကစားရမှာလည်းဖြစ်ပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ရော်နယ်ဒိုက "ဒီပွဲကို အနိုင်ကစားဖို့ အားလုံးစိတ်အားထက်သန်နေကြပါတယ်၊ ကစားသမားတိုင်းရဲ့ ဆန္ဒပါ၊ ကျနော်တို့ ဆီမီးဖိုင်နယ်ကို တက်နိုင်ပါလိမ့်မယ်၊ ကျနော့်ကစားသမားဘ၀မှာ စိန်ခေါ်မှုတွေနဲ့ပဲ ပြည့်နှက်နေခဲ့တာပါ၊ ဒါမို့ ဒီပွဲကို ကျနော် သဘောကျမိပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

အယ်လ်နာဆာဟာ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားခဲ့ပါတယ်။ ရော်နယ်ဒိုကလည်း ၂ပွဲဆက်ဂိုးပေါက်ပျောက်ခဲ့ကာ အခက်တွေ့နေတဲ့ အချိန်ပါပဲ။ ပြီးတော့ တယ်လစ္စကာကလည်း ဒဏ်ရာကြောင့် အနားယူနေရလို့ မပါဝင်နိုင်လို့ အယ်လ်နာဆာတိုက်စစ်က အားနည်းနေပြီး ရော်နယ်ဒိုနဲ့ မာနေး ဘယ်လောက်ထိ လုပ်နိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ 

Share

Loading Next Article...
က္က