ဂါနာချိုကို ထိန်းကျောင်းခဲ့တာပါ။

ယူနိုက်တက်ပရိသတ်တွေဟာ မန်စီးတီးကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားဖိုင်နယ်ပွဲက နောက်ခံလူ မာတီနက်ဇ်ရဲ့ လုပ်ရပ်ကို ချီးကျူးနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က မန်စီးတီးကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိပြီး ဗိုလ်စွဲခဲ့ပါတယ်။



ယူနိုက်တက်အတွက် ဂိုးတွေကို ဂါနာချို၊ မိုင်နူးတို့က သွင်းယူပေးခဲ့တာပါ။ ပထမပိုင်းကတည်းက ယူနိုက်တက်တို့ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားတာဖြစ်ပြီး မထင်မှတ်ဘဲ ရလိုက်တဲ့ ဂါနာချိုရဲ့ သွင်းဂိုးက ယူနိုက်တက်ကို ဒီပွဲမှာ အခြေအနေကောင်းစေခဲ့တာဖြစ်ပါတယ်။


ဂါနာချို ဂိုးသွင်းပြီးတဲ့နောက် အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံခဲ့ပြီး လီဆန်ဒရိုမာတီနက်ဇ်ကလည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဂါနာချိုက မပြီးနိုင်သေးဘဲ မန်စီးတီးပရိသတ်တွေရှိရာကို ပြန်လှည့်ကာ ယူနိုက်တက်တံဆိပ်ကို နမ်းရှုံ့အောင်ပွဲခံပြခဲ့ပါတယ်။

ဒီအချိန်မှာ မာတီနက်ဇ်က ဂါနာချိုကို ပြန်ဆွဲခေါ်လာခဲ့ပြီး ပွဲကို အာရုံစိုက်ဖို့ကိုသာ တိုက်တွန်းခဲ့တာပါ။ ဂါနာချိုဟာ ဂါလာတာစာရေးနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာလည်း အလားတူပဲ ပြိုင်ဘက်ပရိသတ်တွေကို ဆွခဲ့ပြီး ယူနိုက်တက်ကတော့ အဝေးကွင်းမှာ သရေနဲ့ ကျေနပ်ခဲ့ရဖူးပါတယ်။

အဲ့ဒါကြောင့်လည်း မာတီနက်ဇ်က ဒါမျိုးထပ်အဖြစ်မခံဘဲ ဂါနာချိုကို ပြန်ဆွဲထုတ်သွားခဲ့တာပါ။ ပရိသတ်တွေကတော့ မာတီနက်ဇ်ရဲ့လုပ်ရပ်က ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာတွေအပေါ်မှာ ချီးကျူးပြောကြားနေကြပါတယ်။

Share

Loading Next Article...
က္က