ဘန်ဇီမာကတော့ သူ ဘာလဲဆိုတာကို ပြသနေတုန်းပါပဲ။

ဘန်ဇီမာကတော့ ဆော်ဒီလိဂ်မှာလည်း ဂိုးသွင်းကြမ်းဦးမယ့်ပုံပဲ။ အာရပ်ကလပ်ဖလားပွဲတွေမှာ ၂ပွဲဆက်တိုက် ဂိုးသွင်းပြီး အယ်လ်အီတီဟတ်ကို ကွာတားအဆင့်ကို ပို့ပေးလိုက်ပြီ။ ၂ပွဲကစားပြီးချိန် ၂ဂိုးသွင်း၊ ၁ကြိမ်ဖန်တီးပေးထားပြီးပါပြီ။ တကယ်ကောင်းတဲ့ ခြေစွမ်းပါပဲ။



အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးတဦးဆီက မြင်တွေ့နေရတာက အယ်လ်အီတီဟတ်အတွက် ကျေနပ်စရာပါပဲ။ ရောက်ရောက်ချင်းမှာပဲ အသင်းအတွက် ခြေစွမ်းပြနေပြီး အံဝင်နေတာကြီးက တကယ်ချီးကျူးဖို့ကောင်းပါတယ်။ ဆော်ဒီလိဂ်မှာလည်း ဒီလိုခြေစွမ်းမျိုးကို သူ ပြသနိုင်မယ်ဆိုရင် အယ်လ်အီတီဟတ်တို့ ဆုဖလားမျှော်လင့်ချက်ပါ ကောင်းကောင်းထားလို့ရမယ့် အနေအထားပါပဲ။

သွင်းယူခဲ့တဲ့ ဂိုးကလည်း အဆင့်အတန်းမြင့်ပါတယ်။ အသင်းဖော်ခေါင်းတိုက်ပြီး ချပေးတာကို တချက်ထိန်းပြီး ဘောလုံးက ပြန်ကျလာချိန် အနိမ့်ဘောကို ချက်ချင်းပဲ ကန်ထည့်သွားတာပါ။ ပြိုင်ဘက်ဂိုးသမားဘောလုံးတောင် မြင်လိုက်ရဲ့လားမသိအောင်ပါပဲ။ ဆော်ဒီလိဂ်ကို ခဏလေးနဲ့ပဲ ဘန်ဇီမာသိမ်းပိုက်တော့မယ်ထင်ပါတယ်။

အသင်းတိုက်စစ်ကို ဦးဆောင်ပေးနေပြီး ချက်ချင်းပဲ အံဝင်ကာ ဂိုးတွေသွင်းပြနေတာက ဘန်ဇီမာ ဘာလဲဆိုတာကို ပြသနေတာပါပဲ။ အသင်းဖော်တွေဆီကသာ ပံ့ပိုးမှုကောင်းကောင်းရရင် ဂိုးတွေရဖို့ ဘန်ဇီမာအတွက် မခက်ခဲလောက်ပါဘူး။ သူ့ရဲ့ အဆုံးသတ်ပိုင်းက အကောင်းဆုံးဖြစ်နေဆဲမို့ပါ။ ဆော်ဒီလိဂ်ကို သူ လွယ်လွယ်လေးနဲ့ လွှမ်းမိုးနိုင်မလားပဲ ကြည့်ရပါတော့မယ်။

Share

Loading Next Article...
က္က