ဆော်ဒီကလပ်က ပေါင်သန်း ၁၅၀ နဲ့ ဆာလာကိုကမ်းလှမ်းထားတာပါ။

ဆော်ဒီကလပ် အယ်လ်အီတီဟတ်မှာ ကစားနေတဲ့ ဘန်ဇီမာနဲ့ ဂျိုတာတို့ရဲ့ အဖြစ်အပျက်တွေက ဆာလာကို ဆော်ဒီဆီ ပြောင်းရွှေ့လာဖို့ရာအတွက် သတိပေးသလို ဖြစ်နေပါတယ်။ အယ်လ်အီတီဟတ်ဟာ ဆာလာအတွက် ပေါင်သန်း ၁၅၀ အထိ ပေးမယ်လို့ လီဗာပူးလ်ကို ကမ်းလှမ်းခဲ့ပြီး အင်္ဂလန်ကလပ်ကတော့ ချက်ချင်းဆိုသလိုပဲ ငြင်းဆန်ထားခဲ့တာပါ။ 

အယ်လ်အီတီဟတ်ဘက်က ထပ်မံကမ်းလှမ်းမယ့် အလားအလာတွေရှိနေပြီး တကယ်လို့ ဆာလာသာ အသင်းပြောင်းမယ်ဆိုရင် ဘန်ဇီမာ၊ ဖာဘင်ဟို၊ ဂျိုတာတို့နဲ့အတူ တသင်းတည်းမှာ ကစားရမှာပါ။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ဘန်ဇီမာနဲ့ ဂျိုတာတို့ဟာ အယ်လ်အီတီဟတ်မှာ အဆင်မပြေမှုတွေဖြစ်နေပြီး ကစားရတာ သက်တောင့်သက်သာမရှိဘဲ စိတ်ရှုပ်ထွေးနေရပါတယ်။ 

ဘန်ဇီမာကို နည်းပြနူနိုဆန်းတို့စ်က အလိုမရှိခဲ့ဘဲ အသင်းအတွက် မခေါ်ယူဖို့ ပြောခဲ့ပေမယ့် ကလပ်အသင်းက ခေါ်ယူခဲ့တာကြောင့် လက်ခံခဲ့ရပါတယ်။ ဘန်ဇီမာက အသင်းခေါင်​ေးဆာင်ရာထူးကို တောင်းဆိုခဲ့ရာမှာ ဆန်းတို့စ်က ငြင်းဆန်ပယ်ချခဲ့ပြီး ပြင်သစ်သားဟာ နည်းပြဖြစ်သူရဲ့ ပရော်ဖက်ရှင်နယ်မဆန်တဲ့ ဆက်ဆံမှုတွေကြောင့် အခက်အခဲတွေဖြစ်နေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပေါ်တူဂီကစားသမားဂျိုတာကလည်း အသင်းကို ရောက်ပြီး ၁ လအကြာမှာပဲ ပြန်လည်ပြောင်းရွှေ့ဖို့အတွက် လုပ်ဆောင်နေရတဲ့ အခြေအနေတွရှိနေပါတယ်။ လက်ရှိအချိန်ထိ သူဟာ အယ်လ်အီတီဟတ်အတွက် ၆ ပွဲကစားပေးထားပေမယ့် သွင်းဂိုးမရသေးဘဲ ရုန်းကန်နေရပါတယ်။

သူတို့ရဲ့ လက်ရှိတွေ့ကြုံနေရမှုတွေက ဆာလာကို အယ်လ်အီတီဟတ်ကို ပြောင်းရွှေ့လာမယ်ဆိုရင် အဆင်မပြေမှုတွေ ရှိနိုင်တယ်လို့ သတိပေးသလို ဖြစ်နေကြောင်း Sportbible ဆိုပါတယ်။ လီဗာပူးလ်ကတော့ ဆာလာကို ထိန်းသိမ်းဖို့ ကြိုးစားနေပြီး ကလော့ပ်ကလည်း သူ့ကစားသမားရဲ့ အနာဂတ်အတွက် မစိုးရိမ်ဘူးလို့ အခိုင်အမာပြောကြားထားပါတယ်။ 

Share

Loading Next Article...
က္က