ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းရဲ့ နောက်ဆုံးနိုင်ပွဲအပြီးမှာ ကွင်းထဲကနေ ထွက်ခွာခဲ့ချိန်အတွင်း လွယ်ကူတဲ့ပွဲစဉ်လို့ ကြေညာခဲ့ပေမယ့် ပရိသတ်တွေအားလုံးက မယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ သောကြာနေ့ညက အယ်လ်ဘာတင်ကို ၃-၁ နဲ့ အနိုင်ယူနိုင်ဖို့အတွက် နာကျင်အချိန်ပိုမှာ ၃ ဂိုးအထိ မယုံနိုင်စရာကောင်းလောက်အောင် နောက်ကနေ လိုက်သွင်းခဲ့တာဖြစ်ပေမယ့်လည်း ရော်နယ်လ်ဒိုကတော့ တစ်ဂိုးမှ မသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အဗ္ဗဒူလ်ရာမန် ဂါးရိဘ်က မိနစ် ၉၀ ပြည့်ပြီးနောက် ချေပဂိုး သွင်းယူပေးသွားခဲ့တာဖြစ်ပြီး အယ်လ်-ဖာတေးလ်၊ မိုဟာမက် မာရန်တို့က မိနစ် ၁၀၀ ပြည့်မြောက်ပြီးချိန်မှာ အယ်လ်နာဆာကို အံ့အားသင့်ဖွယ်နိုင်ပွဲရရှိစေမယ့် ဦးဆောင်ဂိုးတွေ သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ ဆော်ဒီကလပ်နဲ့ လက်ရှိအချိန်အထိ ကောင်းမွန်တဲ့ အချိန်တွေကို ပိုင်ဆိုင်နေပုံပေါ်ပြီး ၆ ပွဲပါဝင်ကစားပေးထားရာမှာ ဟက်ထရစ် ၂ ကြိမ်အပါအဝင် သွင်းဂိုး ၈ ဂိုးအထိ သွင်းယူပေးထားတာ ဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ ဒီပွဲမတိုင်ခင်ကမှ ၎င်းရဲ့ စွမ်းဆောင်ရည်ကြောင့် ဖေဖော်ဝါရီလအတွက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပြီး ဥမင်ထဲက ဗီဒီယိုဖိုင်ထဲမှာ ရော်နယ်လ်ဒိုက အဝတ်လဲခန်းကို သွားနေရင်းနဲ့ ပေါ်တူဂီဘာသာနဲ့ 'လွယ်ကူတဲ့ပွဲစဉ်။ လွယ်လိုက်တဲ့ပွဲစဉ်ပဲ'လို့ ပြောကြားခဲ့ပြီး လုံခြုံရေးတွေကို ဖြတ်လျှောက်သွားခဲ့တာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ အဲဒီဗီဒီယိုကို မြင်တွေ့ခဲ့တဲ့ ပရိသတ်အများအပြားကတော့ ရော်နယ်လ်ဒိုရဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး ၎င်းတို့ရဲ့ သံံသယကို ထုတ်ဖော် ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ပရိသတ်တစ်ဦးက "အဲဒါဆိုရင်လည်း ခင်ဗျားက ဘာလို့ ဂိုးမသွင်းနိုင်တာလဲ"လို့ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကတော့ ရော်နယ်လ်ဒိုရဲ့မှတ်ချက်ကို "စပိန်ဘာသာ ဒါမှမဟုတ် ပေါ်တူဂီဘာသာကို မပြောတတ်တဲ့သူတွေအတွက်ပါ။ သူ ပြောသွားတဲ့ လေသံက သရော်ပြီး ပြောတဲ့အချိန်မှာ သုံးတဲ့လေသံဆိုတာ အားလုံးသိအောင် ရှင်းလင်းချင်ပါတယ်"လို့ ရှင်းပြခဲ့တာဖြစ်ပါတယ်။