မက်ဆီရဲ့ တရက်လုပ်အားခက မြန်မာငွေ သိန်းပေါင်း သောင်းနဲ့ချီရှိပါတယ်။

ပီအက်စ်ဂျီနဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေသေးဘဲ ညှိနှိုင်းဆဲအဆင့်မှာသာ ရှိနေတဲ့ မက်ဆီဟာ ဆော်ဒီကလပ်အယ်လ်ဟီလယ်ကို ပြောင်းရွှေ့မယ်ဆိုရင် တနှစ်လုပ်ခ ယူရိုသန်း ၄၀၀ အထိ ရရှိမှာဖြစ်ပါတယ်။ ဒီပမာဏဟာ ကမ္ဘာပေါ်မှာ မက်ဆီကို လုပ်ခလစာအများဆုံးရတဲ့ ကစားသမားတဦးအဖြစ် မှတ်တမ်းဝင်စေမှာဖြစ်ပြီး ဘောလုံးသမိုင်းမှာ မကြုံစဖူးထူးကဲဖြစ်ရပ်လို့ ဆိုရပါလိမ့်မယ်။ 

မက်ဆီရဲ့ လစာကို အသေးစိတ်တွက်ချက်မယ်ဆိုရင် သူဟာ တနှစ်ကို ယူရိုသန်း ၄၀၀ ၊ တလကို ယူရိုသန်း ၃၃ သန်း၊ တပတ်ကို ယူရို ၈၃၀၀၀၀၊ တရက်ကို ယူရို ၁၁၀၀၀၀၊ တနာရီကို ယူရို ၄၆၀၀၀ နဲ့ တမိနစ်ကို ၇၇၂ ယူရို၊ တစက္ကန့်ကို ၁၃ ယူရိုအထိ ရရှိမှာဖြစ်ပါတယ်။ ဒီငွေပမာဏတွေဟာ အယ်လ်နာဆာမှာ ရော်နယ်ဒိုရရှိနေတဲ့ ဝင်ငွေထက် ၂ ဆအထိ ပိုများပြားတာဖြစ်ပါတယ်။ 

မက်ဆီရဲ့ တစက္ကန့်ဝင်ငွေဟာ မြန်မာငွေနဲ့ဆိုရင်တော့ ၃ သောင်းအထိရှိမှာဖြစ်ပါတယ်။ ဒါဟာ မကြာခဏဆိုသလို ပရိသတ်တွေတင်စားလေ့ရှိတဲ့ အသက်ရှူချိန်တိုင်းမှာ ငွေဝင်နေမယ့် သဘောလည်းဖြစ်ပါတယ်။ မက်ဆီကတော့ အယ်လ်ဟီလယ်ရဲ့ ကမ်းလှမ်းမှုအပ​ေါ်မှာ တစုံတရာတုံ့ပြန်ထားမှုမရှိသေးဘဲ နှုတ်ဆိတ်နေပါတယ်။ 

အယ်လ်ဟီလယ်ဟာ သူတို့ရဲ့ မြို့ခံပြိုင်ဘက် အယ်လ်နာဆာက ခရစ္စတီယာနိုရော်နယ်ဒိုကို ခေါ်ယူပြီး အမှတ်ပေးဖလားရယူနိုင်ဖို့ပါ မျှော်မှန်းထားနိုင်တာကြောင့် လာမယ့်ရာသီမှာ မက်ဆီကို ခေါ်ယူပြီး ဆော်ဒီလိဂ်အတွက် တိုက်ပွဲဝင်ဖို့ ရှိနေတာပါ။ မက်ဆီရောက်လာခဲ့မယ်ဆိုရင်တော့ ရော်နယ်ဒိုနဲ့ ပြိုင်ဘက်တွေအဖြစ် ရှိနေဦးမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က