ပို့စ်မဟုတ်ဘဲ Story တခုတင်ပေးရင်တောင် ယူရို ၅ သိန်းရမှာပါ။

ဆော်ဒီကလပ် အယ်လ်ဟီလယ်ကို ယူရိုသန်း ၉၀ နဲ့ ပြောင်းရွှေ့ဖို့ နေမာက သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မှာ ဆေးစစ်သွားမှာဖြစ်ပြီး အသင်းရဲ့ ကစားသမားဖြစ်လာပြီဆိုတာကိုလည်း တရားဝင်ကြေညာသွားဖို့အတွက်ပါ စီစဉ်ထားပြီးဖြစ်ကာ သူ့ရဲ့ ဥရောပကစားသမားဘ၀ကို ဆုံးခန်းတိုင်တော့မှာ ဖြစ်ပါတယ်။ 

နေမာဟာ ဆော်ဒီကလပ်နဲ့ စာချုပ် ၂ နှစ်ချုပ်ဆိုမှာဖြစ်ပြီး တနှစ်ကို ပေါင်သန်း ၁၃၀ အထိ လုပ်ခလစာရမယ်လို့ သိရပါတယ်။ ဒါကြောင့် သူက စုစုပေါင်းအားဖြင့် ပေါင်သန်း ၂၆၀ အထိ လုပ်အားခရရှိမှာဖြစ်ပြီး တော်တော်လေးကို များပြားတဲ့ ပမာဏဖြစ်ကာ သူ့ရဲ့ ချမ်းသာကြွယ်၀မှုကလည်း အများကြီးတိုးပွားလာတော့မှာ ဖြစ်ပါတယ်။ 

စာချုပ်ပါအချက်အလက်တွေအရ နေမာဟာ အခြားသောခံစားခွင့်တွေကိုလည်း ရရှိဦးမှာ ဖြစ်ပါတယ်။ အီတလီသတင်းစာ ကိုယ်ပိုင်လေယာဉ်တစီး FootMercato ရဲ့ ဖော်ပြချက်အရဆိုရင် နေမာရရှိမယ့် အခြားသော အကျိုးခံစားခွင့်တွေကတော့ အ​ောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ 


- အလုပ်သမားတွေ ပါဝင်ပြီးသား နေအိမ်ကြီးတလုံး

- အယ်လ်အာလီ နိုင်ပွဲတပွဲရတိုင်း အပိုဆုကြေးအဖြစ် ယူရို ၈ သောင်း

- ဆော်ဒီအတွက် promote လုပ်ပေးတဲ့ ပို့စ်တခု ဒါမှမဟုတ် Story တခုတင်ပေးတိုင်းမှာ ယူရို ၅ သိန်း

ဂိုးသွင်းဆုကြေး၊ အသင်းချန်ပီယံဖြစ်ရင် ရရှိမယ့် ဆုကြေးတွေလည်း ကျန်ရှိနေသေးတယ်လို့ သိရပြီး လုပ်ခလစာအပြင် များပြားလှတဲ့ ဆုကြေးငွေတွေကို ခံစားပိုင်ခွင့်ကို စာချုပ်တွင်း ထည့်သွင်းချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က