ရီးရဲလ်မက်ဒရစ်ကစားသမားသစ် ဂျုဒ်ဘယ်လင်ဟမ်ဟာ ဒီနေ့မနက်မှာ သူ့ရဲ့ ပထမဆုံးအယ်လ်ကလက်စီကိုပွဲကို ကစားခွင့်ရခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ခြေစမ်းပွဲကို ဝင်ရောက်ကစားခဲ့တာဖြစ်ပြီး ၃-၀ နဲ့ အရေးနိမ့်ခဲ့လို့ ဘယ်လင်ဟမ်အတွက်တော့ စိတ်ပျက်စရာကောင်းတဲ့ အယ်လ်ကလက်စီကိုပွဲဖြစ်ခဲ့ပါတယ်။
ဒ့ါအပြင် ပွဲချိန်အတွင်းမှာ နှစ်ဖက်ကစားသမားတွေ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။ ကစားပုံကြမ်းတမ်းရာကနေ အပြန်အလှန် စကားများခဲ့ကြတာဖြစ်ပြီး အဆိုပါအချိန် လူအုပ်အတွင်းရောက်နေတဲ့ ဘယ်လင်ဟမ်ဟာ ဘာလုပ်လို့လုပ်ရမလဲမသိဖြစ်နေခဲ့ပြီး သူ့အမူအယာက တော်တော်လေးရယ်စရာကောင်းနေခဲ့ပါတယ်။
ဒါကို ပရိသတ်တွေကလည်း သတိထားမိခဲ့ကြပြီး ဘယ်လင်ဟမ်တယောက် အယ်လ်ကလက်စီကို ပထမဆုံးအတွေ့အကြုံမှာ မနူးမနပ်လေးဖြစ်နေခဲ့တယ်လို့ စနောက်ခဲ့ကြပါတယ်။ အယ်လ်ကလက်စီကိုပွဲတွေကတော့ ခြေစမ်းပွဲမှာပါ တကယ့်ပွဲအသွင်ကစားလေ့ရှိပြီး အမြဲတမ်းလိုလို နှစ်ဖက်အသင်းသားတွေကြား ပြသနာတက်လေ့ရှိပါတယ်။
အသက် ၂၀ အရွယ် အင်္ဂလန်ကစားသမားအတွက်တော့ အယ်လ်ကလက်စီကိုပွဲက နည်းနည်းတော့ စိမ်းနေဦးမှာပါ။ ရီးရဲလ်ကစားသမားအဖြစ်နဲ့ ဘယ်လင်ဟမ်က အေစီမီလန်၊ ယူနိုက်တက်တို့ရဲ့ ခြေစမ်းပွဲကို ဝင်ရောက်ကစားခဲ့ပြီး ခြေစွမ်းပိုင်းအရ အားထားရမယ့် ပုံစံတွေကိုတော့ ပြသနိုင်ခဲ့ပါတယ်။