မနေ့ညက ကစားခဲ့တဲ့ အယ်လ်နာဆာနဲ့ ရှာဘတ်အယ်လ်အာလီတို့ရဲ့ပွဲမှာတော့ ရော်နယ်ဒိုတစ်ယောက် အကြီးအကျယ် ဒေါသပေါက်ကွဲခဲ့ရကြောင်း သိရှိရပါတယ်။ ဒီပွဲမှာ အယ်လ်နာဆာက အယ်လ်အာလီကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး AFC ချန်ပီယံလိဂ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ရော်နယ်ဒိုက အယ်လ်နာဆာအတွက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသလို သူ့အတွက်လည်း တော်တော်လေး ဒေါသထွက်စရာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ရော်နယ်ဒိုအနေနဲ့ သူ့ဆီက တစ်ဆင့် ရသင့်ရထိုက်တဲ့ ပင်နယ်တီတွေကို မရရှိခဲ့တာဖြစ်ပြီး ဒါကလည်း ဒီပွဲအတွက် တော်တော်လေး ပြောစရာဖြစ်ခဲ့ပါတယ်။
တစ်ကြိမ်မှာ ရော်နယ်ဒိုရဲ့ ဘိုင်စကယ်ကစ်က ပင်နယ်တီဧရိယာထဲမှာ ပြိုင်ဘက်ကစားသမားရဲ့ လက်နဲ့ သိသိသာသာ ထိသွားခဲ့ပြီး ပင်နယ်တီရရှိခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် နောက်တစ်ကြိမ်မှာလည်း ရော်နယ်ဒိုတစ်ယောက် ပင်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရပေမယ့် ဒိုင်လူကြီးတွေက မျက်ကွယ်ပြုခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း အယ်လ်နာဆာတို့ အနိုင်ရရှိခဲ့သည့်တိုင် ရော်နယ်ဒိုကတော့ ပွဲအပြီးမှာ ဒေါသတကြီးနဲ့ ကွင်းအတွင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ မျက်လုံးကို ထောက်ပြကာ ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးတွေကိုလည်း ဝေဖန်သွားခဲ့ပါသေးတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအတွက် (၂၆) ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး (၂၀) အထိ သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ အာရပ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း အယ်လ်နာဆာတို့ ဗိုလ်စွဲခဲ့ပြီး ရော်နယ်ဒိုက အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါသေးတယ်။