ဆော်ဒီလိဂ်မှာပါ သွင်းဂိုး ၁၀ ဂိုးပြည့်အောင်သွင်းနိုင်ခဲ့ပါပြီ။

အယ်လ်နာဆာတိုက်စစ်မှူးရော်နယ်ဒိုကတော့ မနေ့ညက ကစားခဲ့တဲ့ အယ်လ်အာဒါလက်နဲ့ပွဲမှာ ၂ဂိုးသွင်းပြီး ခြေစွမ်းထပ်ပြသွားခဲ့ပါတယ်။ ဒီဂိုးတွေဟာ ရော်နယ်ဒိုအတွက် ဆော်ဒီလိဂ်မှာ ၁၀ ဂိုးပြည့်သွားစေခဲ့ပြီဖြစ်ကာ စုစုပေါင်း ၁၁ ဂိုး ရရှိထားပြီးဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ်​ ပေါ်တူဂီသားက ယူရိုခြေစစ်ပွဲတွေမှာ ခြေစွမ်းပြခဲ့ပြီးနောက် ကလပ်အသင်းအတွက်ပါ ထပ်မံခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲမှာ အယ်လ်နာဆာက ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ရော်နယ်ဒိုက ၂ဂိုး၊ တယ်လစ္စကာက ၂ဂိုးနဲ့ အိုင်မန်ယာယာက ၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ တယ်လစ္စကာတို့ကတော့ ပင်နယ်တီတလုံးစီ ပါဝင်ခဲ့ကြပြီး ပထမအကြိမ်ရရှိခဲ့တဲ့ ပင်နယ်တီကို ရော်နယ်ဒိုကန်သွင်းပြး ဒုတိယအကြိမ်မှာတော့ တယ်လစ္စကာကို ပေးကန်ခဲ့တာဖြစ်ပါတယ်။ 



ရော်နယ်ဒိုကတော့ သူ ရောက်လေရာလိဂ်တိုင်းမှာ အနည်းဆုံးလိဂ်ဂိုး ၁၀ ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းကို ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂိုးသွင်းအများဆုံးစာရင်းမှာတော့ အယ်လ်ဟီလယ်တိုက်စစ်မှူးအီဂါလိုနဲ့ တယ်လစ္စကာတို့က ၁၆ ဂိုးစီနဲ့ ပူးတွဲရှိနေပြီး ရော်နယ်ဒိုက အဆင့် ၅ နေရာမှာရှိကာ ၅ ဂိုးကွာဟနေပါတယ်။ ရော်နယ်ဒိုအနေနဲ့ လက်ရှိဂိုးသွင်းနှုန်းကို ထိန်းထားနိုင်မယ်ဆိုရင် ရွှေဖိနပ်ဆုအတွက်ပါ မျှော်လင့်နိုင်မှာပါ။ 

ရော်နယ်ဒိုဟာ ပွဲကစားချိန်စုစုပေါင်း ၈၁၀ သာ ကစားထားရသေးတာပါ။ အီဂါလိုနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ မိနစ်ပေါင်း ၆၀၀ ကျော် ကွာဟနေပြီး တကယ်လို့သာ သူလည်း အဆိုပါမိနစ်ပမာဏကစားခဲ့ရမယ်ဆိုရင် ဆော်ဒီလိဂ်မှာ သူ့အတွက် ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်ဖို့က အရမ်းကြီးအခက်အခဲမရှိဘူးဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ 


အယ်လ်နာဆာကတော့ အမှတ်ပေးဇယားမှာ အယ်လ်အီတီဟတ်ထက် ၁ မှတ်လျော့နေသေးပြီး လာမယ့်တနင်္ဂနွေနေ့မှာ အယ်လ်ဖိုင်ဟာအသင်းန​ဲ့ ကစားသွားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က