တော်တော်လေးကို လှပပါတယ်။

အခုကစားနေတဲ့ အယ်လ်နာဆာနဲ့ ဒါမက်တို့ရဲ့ ပွဲမှာတော့ ရော်နယ်ဒိုဟာ လှပတဲ့ ဖရီးကစ်သွင်းဂိုးတဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ၁-၀ နဲ့ အရေးနိမ့်နေတဲ့ အယ်လ်နာဆာဟာ ဒုတိယပိုင်းမှာတော့ ဦးဆောင်ဂိုးပါရတဲ့အထိ ပြန်လည်စွမ်းဆောင်နိုင်ခဲ့ပြီး တယ်လစ္စကာက ချေပဂိုးသွင်းယူကာ ဆက်တိုက်ဆိုသလိုပဲ ရော်နယ်ဒိုက ဖရီးကစ်ကနေ သွင်းယူခဲ့တာပါ။



၂၂ ကိုက်အကွာလောက်မှာ ရတဲ့ ဖရီးကစ်ကို ရော်နယ်ဒိုက ကန်သွင်းယူခဲ့တာဖြစ်ပြီး ပြိုင်ဘက်ဂိုးသမား လက်တောင်မမြှောက်လိုက်ရပါဘူး။ ဦးဆောင်ဂိုးပေးခဲ့ရလို့ ရုန်းကန်ခဲ့ရတဲ့ အယ်လ်နာဆာအတွက် ရော်နယ်ဒိုရဲ့ ဂိုးက အသင်းကို ပြန်လည်ဦးဆောင်စေနိုင်ခဲ့ပါတယ်။ 



ပေါ်တူဂီအတွက် နိုင်ငံတကာပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ ရော်နယ်ဒိုက အယ်လ်နာဆာာမှာလည်း ထပ်ခြေစွမ်းပြနေပြီ။ ဒီရာသီ လိဂ်ဂိုး ၁၀ ဂိုးအထိ ရရှိသွားပြီဖြစ်ပါတယ်။ ဆော်ဒီလိဂ်တလတာအကောင်းဆုံးဆုကို ၂လဆက်တိုက်ရထားတဲ့ ရော်နယ်ဒိုဟာ ဖရီးကစ်သွင်းဂိုး အချိန်အတန်ကြာ ပျောက်ဆုံးနေမှုကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ ရော်နယ်ဒိုအတွက် ကစားသမားဘ၀သွင်းဂိုး ၈၆၀ ပြည့်စေခဲ့ပြီလည်းဖြစ်ပါတယ်။


Share

Loading Next Article...
က္က