စပို့တင်း၊ ယူနိုက်တက်နဲ့ ရီးရဲလ်တို့လည်း ရေပန်းစားအသင်းတွေထဲ ပါဝင်လာပါတယ်။

အယ်လ်နာဆာကနေ ရော်နယ်ဒိုထွက်ခွာချင်နေပြီဆိုတဲ့ သတင်းတွေထွက်လာအပြီးမှာတော့ သူ့ကိုခေါ်ယူဖို့အတွက် ရေပန်းအစားဆုံးအသင်းတွေထဲမှာ နယူးကာဆယ်ယူနိုက်တက်က တသင်းအပါအဝင်ဖြစ်လာခဲ့ပြီလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အယ်လ်နာဆာနဲ့ ၂၀၂၅ အထိ စာချုပ်ရှိပေမယ့်လည်း အသင်းကိုရောက်ပြီး လပိုင်းအကြာမှာပဲ ပြန်လည်ထွက်ခွာချင်နေတာလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ 

အယ်လ်နာဆာအတွက် ရော်နယ်ဒိုက ၁၂ ဂိုးအထိ သွင်းယူပေးခဲ့ရာမှာ တပွဲတည်း ၄ ဂိုးအထိ သွင်းယူခဲ့ပြီး ဆော်ဒီလိဂ်သမိုင်းမှာ စံချိန်သစ်ပါ တင်ထားနိုင်ခဲ့ပါတယ်။ အယ်လ်နာဆာကတော့ လက်ရှိမှာ အမှတ်ပေးဇယားဒုတိယနေရာမှာရှိနေပြီး ထိပ်ဆုံးက အယ်လ်အီတီဟတ်နောက်မှာ ၃ မှတ်ပြတ်နေကာ ပြိုင်ဘက်က တပွဲကစားဖို့ ကျန်ရှိနေပါသေးတယ်။ 

Paddy Power ရဲ့ အဆိုအရ ရော်နယ်ဒိုရဲ့ နောက်ထပ်ပြောင်းရွှေ့နိုင်ချေဟာ မေဂျာလိဂ်ဖြစ်ပြီး ၆လေး ၄လေး ဖြစ်နေပါတယ်။ ပေါ်တူဂီ လက်ရွေးစင်ကို ပြီးခဲ့တဲ့ကာလတွေမှာကတည်းက မေဂျာလိဂ်ကလပ်တ​ွေက စိတ်ဝင်စားနေခဲ့တာပါ။ ရော်နယ်ဒိုရဲ့ အသင်းဟောင်း စပို့တင်းလစ္စဘွန်းကလည်း ၂လေး၁လေးနဲ့ ရေပန်းစားနေပြီး ယူနိုက်တက်၊ ရီးရဲလ်တို့လို အသင်းဟောင်းတွေကလည်း ရေပန်းစားအသင်းတွေထဲမှာ ပါဝင်နေပါတယ်။ 

ဒီရာသီမှာ​ ခြေစွမ်းပြနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ သေချာသလောက်ဖြစ်နေတဲ့ နယူးကာဆယ်ကလည်း ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် ၆လေး၁လေးနဲ့ ရေပန်းစားနေပါတယ်။ ချန်ပီယံလိဂ်ဘုရင်ကြီးလို့ နာမည်ကျော်ကြားခဲ့တဲ့ ရော်နယ်ဒိုကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် နယူးကာဆယ်ရဲ့ ချန်ပီယံလိဂ်ဝင်ရောက်ကစားမှုက ပိုမိုပြီး အားကောင်းလာမယ်လို့ ယူဆရပါတယ်။ 

ဒါ့အပြင် နယူးကာဆယ်ဟာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်နဲ့ ချယ်လ်ဆီးတိုက်စစ်ကစားသမား မေဆန်မောင့်တို့ကိုလည်း စိတ်ဝင်စားနေပါတယ်။ လက်ရှိအချိန်ထိတော့ ဒါက ရေပန်းစားဆဲအဆင့်သာရှိနေပြီး ဘယ်အသင်းကမှ ကမ်းလှမ်းထားတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ 


Share

Loading Next Article...
က္က