လာမယ့်ရာသီပြိုင်ပွဲကို ဝင်ရောက်ကစားဖို့ ဖိတ်ခေါ်ဖွယ်ရှိနေတာပါ။

ရော်နယ်ဒိုရဲ့ အယ်လ်နာဆာကတော့ လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဖိတ်ခေါ်ခံရနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က စတင်ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲဟာ ဥရောပရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်ပြီး ရော်နယ်ဒိုကလည်း အအောင်မြင်ဆုံးကစားသမားတဦးအဖြစ်နဲ့ ရှိနေခဲ့ပါတယ်။ 

ဒါဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ မျက်နှာကြောင့်ပါပဲ။ ပေါ်တူဂီတိုက်စစ်မှူးဟာ ဥရောပထိပ်တန်းပြိုင်ပွဲမှာ စုစုပေါင်းသွင်းဂိုး ၁၄၀ သွင်းယူထားနိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ဂိုးသွင်းအများဆုံးဖြစ်နေတာပါ။ ပြီးတော့ မြောက်မြားလှတဲ့ စံချိန်မှတ်တမ်းတွေကို ပိုင်ဆိုင်ထားခဲ့ပြီး ချန်ပီယံလိဂ်ရဲ့ ဘုရင်ကြီးလို့ တင်စားခံထားရပါတယ်။ 

Alharbi က “ဥရောပဘောလုံးသမဂ္ဂဟာ ၂၀၂၄ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘောလုံးလောကမှာ အကျော်ကြားဆုံးအသင်း ၃ သင်းထဲက တစ်သင်းဖြစ်နေတဲ့ အယ်လ်နာဆာကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲကို တိုးချဲ့သွားချင်နေပါတယ်။ ဘာလို့လဲဆိုတော့ အယ်လ်နာဆာက ဥရောပတိုက်မှာ အရမ်းကို ကြီးမားတဲ့ လူသိများကျော်ကြားမှုရှိနေတာကြောင့်ပါ ”လို့ ဖော်ပြခဲ့ပါတယ်။

ဒီအကြောင်းအရာက ဖြစ်နိုင်ချေနည်းပါးပေမယ့်လည်း လူတိုင်းရဲ့ သည်းခြေကြိုက် ငွေကြေးနဲ့ လမ်းခင်းလာမယ့် ဆော်ဒီကြောင့် မဖြစ်နိုင်ဘူးလို့ ဆိုမရပါဘူး။ အကောင်ထည်ဖော်နိုင်မလား၊ မဖော်နိုင်ဘူးလားဆိုတာကိုသာ စောင့်ကြည့်ရမှာပါ။ တကယ်သာဖြစ်လာခဲ့ရင်တော့ ချန်ပီယံလိဂ်ဟာ တခေတ်ဆန်းပြီလို့ ကြွေးကြော်နိုင်ပါလိမ့်မယ်။ 

Share

Loading Next Article...
က္က