ရလဒ်တွေနဲ့ စွမ်းဆောင်ရည်တွေက လိုအပ်တဲ့အဆင့်အတန်းမှာ မရှိတာကြောင့် ဆုံးဖြတ်ခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ကြာသပတေးနေ့ညနေမှာ ဖရန့်ဖတ်အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်ပြီးနောက် ဆက်တိုက်ဆိုးရွားနေတဲ့ ရလဒ်တွေအရ နည်းပြအူနိုင်းအမ်မရီကို ရာထူးကနေ ထုတ်ပယ််လိုက်ပြီလို့ The Guardian ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အာဆင်နယ်အသင်းဘုတ်အဖွဲ့ဟာ မကြာသေးမီက နိုင်ငံတကာအားလပ်ရက်အတွင်း နည်းပြအူနိုင်းအမ်မရီဟာ အာဆင်နယ်နည်းပြအလုပ်အတွက် အသင့်တော်ဆုံးသူဖြစ်တယ်လို့ လူသိရှင်ကြား ထောက်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆောက်သမ်တန်အသင်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်နဲ့ ယမန်နေ့ညက ဖရန့်ဖတ်အသင်းကို အိမ်ကွင်းအမ်းမရိတ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တွေရဲ့ နောက်ဆက််တွဲရလဒ်အနေနဲ့ အမ်မရီဟာ နည်းပြရာထူးကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော်တို့အားလုံးမျှော်လင့်ပြီး လိုလားနေတဲ့ ယှဉ်ပြိုင်နိုင်တဲ့ အဆင့်အတန်းတစ်ခုကို ပြန်လည်ရရှိအောင် မဆုတ်မနစ်အားထုတ်ခဲ့ကြတဲ့ အူနိုင်းနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို ကျွန်တော်တို့ စိတ်ရင်းအမှန်နဲ့ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ အူနိုင်းနဲ့ သူ့ရဲ့နည်းပြအဖွဲ့ကို အနာဂတ်မှာ အောင်မြင်စေဖို့ ဆုတောင်းပေးရုံကလွဲပြီး ဘာမှမလုပ်ပေးနိုင်ပါဘူး”

“ရလဒ်တွေနဲ့ စွမ်းဆောင်ရည်တွေက လိုအပ်တဲ့အဆင့်အတန်းမှာ မရှိတာကြောင့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတာာဖြစ်ပါတယ်”

“ကျွန်တော်တို့တွေ ဖရက်ဒီယွန်းဘတ်ကို ပထမအသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူပေးဖို့ ပြောဆိုထားပါတယ်။ ဖရက်ဒီက ကျွန်တော်တို့ကို တိုးတက်အောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်”

“နည်းပြသစ် ရှာဖွေဖို့အတွက် လုပ်ဆောင်နေပြီး ကျွန်တော်တို့ လုပ်ငန်းစဉ်တွေ ပြီးမြောက်တဲ့အခါကျရင် နောက်ထပ်ကြေညာချက်တွေ ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်”လို့ အာဆင်နယ်အသင်းဘုတ်အဖွဲ့ဝင် ခရွန်ကီက ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။

Share

က္က