ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်ဖို့ ရှိသေးတယ်လို့ ဆိုပါတယ်။

ဟိန်းဝေယံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ငါးကား ခြောက်ကားလောက် ရုံတင်ဖို့ ရှိနေသေးတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ အနုပညာအလုပ်တွေ ခဏနားထားတယ်လို့ ဆိုပါတယ်။

 

Photo: ဟိန်းဝေယံ

မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ဟိန်းဝေယံက အဖေ့ရဲ့ လုပ်ငန်းတွေကို ကူညီလုပ်ကိုင်ပေးလို့ နေပါတယ်။ အဲ့ဒါကြောင့် လက်ရှိမှာ အနုပညာအလုပ်တွေ ခဏနားထားတယ်လို့ သူက ဆိုပါတယ်။

“အနုပညာအလုပ်လေးတွေ ခဏနားထားတယ်။ စီးပွားရေး လုပ်ဖြစ်နေတယ်။ အဖေ့ရဲ့ လုပ်ငန်းတွေကို သားတစ်ယောက် အနေနဲ့ ဝိုင်းပြီး တော့ ကူညီပံ့ပိုးပေးနေတယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အဖေ့ရဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးနေသလို ကျွန်တော်ကိုယ်တိုင် လုပ်ချင်တဲ့ စီးပွားရေးတွေလည်း ရှိပါတယ်” လို့ ဟိန်းဝေယံက ပြောပါတယ်။

Photo: ဟိန်းဝေယံ

စီးပွားရေးဘက်ကို လုပ်ဖြစ်နေတယ်ဆိုပေမယ့်လည်း သူကိုယ်တိုင် ဝါသနာပါတဲ့ အနုပညာအလုပ်ကိုတော့ စွန့်လွှတ်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အနုပညာအလုပ်ကို လုပ်နေရရင် ပျော်နေတဲ့ ဟိန်းဝေယံက သူရဲ့ ဇာတ်ကား တွေလည်းရုံတင်ဖို့တွေ ရှိလို့ ပရိသတ်တွေ စောင့်မျှော်ပေးပါဦးလို့ ပြောပါတယ်။

“ရုပ်ရှင်ဘက်ကိုလည်း ဆက်လုပ်မှာပါ။ ကျွန်တော့်အနေနဲ့ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးကို လုပ်နေရရင်ကို ပျော်နေတာပါ။ ရုံတင်မယ့် ဇာတ်ကားတွေ ရှိတယ်။ ငါးကာခြောက်ကားလောက ်ရှိသေးတယ်။ ရိုက်တဲ့ အချိန်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားရိုက်ကူးထားတယ်။ ကျွန်တော်ကားတွေ ရုံပေါ် ရောက်တော့မှာပါ။ ကျွန်တော့်ကို စောင့်နေတဲ့ ပရိသတ်တွေ ကြည့်ရှုပေးပါဦး” ဆိုပြီး Not Copyrighted ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: ဟိန်းဝေယံ

ဟိန်းဝေယံကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် ဗီဒီယိုဇာတ်ကားပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်းများစွာ တို့ကိုလည်း ရိုက်ကူးခဲ့ဖူးသူပါ။ အခုဆိုရင်တော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ နှစ် ၂၀ ကျော်ကို ရောက်ရှိလို့နေပါပြီ။ 



Share

Loading Next Article...
က္က