Photo: အိစိကွေးဖေ့စ်ဘွတ်
သရုပ်ဆောင် အိစိကွေးတစ်ယောက် ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ပထမဦးဆုံးရိုက်ကူးထားတဲ့ ရွှေချွေးမလေး ဆိုတဲ့ ဗီဒီယို ဇာတ်ကားကို ဇွန်လ ၂၉ ရက်နေ့မှာပဲ ရိုက်ကူးပြီးစီးသွားပြီလို့ သိရပါတယ်။ သူ့အနေနဲ့ အမှတ်တရတွေအများကြီးရှိခဲ့ပြီး ဒီနေ့ အချိန် ထိ အားပေးနေကြတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားသွားမယ်လို့ ဆိုပါတယ်။
'' ရွှေချွေးမလေး ဇာတ်ကား ဒီနေ့ပဲပြီးသွားပြီဗျာ။ အမှတ်တရတွေ များစွာနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြတဲ့ အဖွဲ့သားအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်လည်း အနုပညာအလုပ်တွေကြိုးစားပြီးဆက်လုပ်သွားပါဦးမယ်ခင်ဗျ။ အားပေးကြဖို့လည်း မမေ့နဲ့ဦးနော်'' ဆိုပြီးတော့ ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီ ၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ရွှေချွေးမ ဗီဒီယိုဇာတ် ကားထဲမှာ အိစိကွေးနဲ့ အတူ ယဉ်လက် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
Photo: အိစိကွေးဖေ့စ်ဘွတ်
အိစိကွေးဟာ ငယ်ငယ်ကတည်းက အဓိက သရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့ အိပ်မက် မက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ရွှေချွေးမလေး ဗီဒီယိုဇာတ်ကားကနေတဆင့် အဓိကသရုပ်ဆောင် ဖြစ်လာခွင့်ရတဲ့အတွက်လည်း ကိုယ့်ကိုယ်ကို ဂုဏ်ယူတယ်လို့ ဆိုပါတယ်။
"ဟိုးငယ်ငယ်တည်းကအရမ်းချစ်ရတဲ့ အနုပညာ အလုပ်ကိုလုပ်ခွင့်ရတယ်။ အခုချိန်မှာလည်း ငယ်ငယ်တည်းက အိပ်မက် မက်ခဲ့ရတဲ့ အဓိကသရုပ်ဆောင် ဖြစ်လာရတော့ ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ် ဝမ်းသာတယ်။ အမြဲလည်း ဆက်ကြိုးစားနေမယ် ။ ချစ်ရတဲ့ ပရိသတ် တွေကလည်း ဆက်ပြီးအားပေးနော်။ လူကြီး အိစိ တစ်ယောက်အနေနဲ့ အားလုံးကို တတ်သလောက် အနုပညာနဲ့ ဖျော်ဖြေပေး ဆပ်ချင်တယ် ။ အားလုံးကို အရမ်းချစ်တယ်" လို့ ဇွန်လ(၂၆) ရက်နေ့ ညပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
Photo: အိစိကွေးဖေ့စ်ဘွတ်
အသက် ၄ နှစ်ခွဲအရွယ်ကတည်းက သရုပ်ဆောင်အလုပ် လုပ်လာတဲ့ အိစိကွေးကိုတော့ အခုချိန်ထိ ပရိသတ်တွေက အရမ်းကိုချစ်ခင် အားပေး လျှက်ရှိကြပါတယ်။ သူ့အနေနဲ့ အခုအရွယ်မှာ မော်ဒယ်လ်မင်းသားတွေလို အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေ မရှိပေမယ့် အိစိကွေး ကိုအားပေးကြတဲ့ ပရိသတ်တွေဟာ သရုပ်ဆောင်အရည်အချင်းကိုသာ အားပေးကြတာဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်တွေ အားပေးရ ကျိုးနပ်အောင်လည်း ထပ်ကြိုးစားသွားဦးမယ်လို့ သိရပါတယ်။ ကျောင်းပညာရေးကို ဦးစားပေးနေရတဲ့ သူ့အနေနဲ့ အနုပညာအလုပ်တွေကို တဖြည်းဖြည်းနဲ့ ဆက်လုပ်နေဖြစ်တယ်လို့ သိရပါတယ်။