နေတော်တော်ပြန်ကောင်းနေပါပြီ။

သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကိုခံစားနေသလို ကျောက်ကပ် ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရ တာကြောင့် အနုပညာအလုပ်တွေနဲ့ရောပရိသတ်တွေနဲ့ပါ အဆက် အသွယ်ပြတ်ခဲ့ရပါတယ်။ မကြာခင်မှာတော့ သူမကို အနုပညာ အလုပ်တွေ နဲ့အတူ ပြန်လည်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

 

ပရိသတ်တွေကို ကိုယ်အမှုအယာနဲ့ကော နှုတ်အမှုအယာတွေနဲ့ပါ ပျော်ရွှင်အောင် လုပ်ပေးနိုင်သူ သရုပ်ဆောင် ကစ်ကစ်ဟာ မကြာခင်မှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်တော့မယ်လို့ သိရပါတယ်။ သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကိုခံစားနေသလို ကျောက်ကပ် ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရတာကြောင့် အနုပညာအလုပ်တွေနဲ့ရောပရိသတ်တွေနဲ့ပါ အဆက် အသွယ်ပြတ်ခဲ့ရပါတယ်။

အခုတော့ ကစ်ကစ်ရဲ့ ကျန်းမာရေး အခြေအနေဟာ တော်တော့်ကို ကောင်းမွန်လာတာ တွေ့ရပါတယ်။ သူမပါဝင်ထားတဲ့ "ဟီးဟီးဟားဟား"ရုပ်ရှင်ဇာတ်ကားကြီးအ ထူးပွဲ ပြသပွဲကိုလည်း တက်ရောက်နိုင်ခဲ့တာ တွေ့ရပါတယ်။

 

ယခုလက်ရှိ ကျန်းမာရေးအခြေအနေဟာ အရင်ကထက် ပိုမိုကောင်းမွန်လာတာကြောင့် မကြာခင်မှာ သူမရဲ့ အနုပညာအလုပ်တွေနဲ့အတူ သူမကို ပရိသတ်တွေ ပြန်မြင်ရတော့မှာပါလို့ ဆိုပါတယ်။

"ကိုယ်တွေကအခု အနုပညာနဲ့ တော်တော်လေး အဆက်အသွယ်ပြတ်နေတယ်။အလှမ်းလည်း တော်တော်ဝေးသွားပြီ ဒါပေမယ့်တော့ ပြန်တော့ လုပ်မှာပါ။ အခုလည်း နေကောင်းအောင်ပြန်ကြိုးစားနေတယ်။အစတုန်းကတော့ လမ်းတွေဘာတွေ သိပ်မလျှောက်နိုင်သေးဘူး။ အခုတော့ လမ်းတွေဘာတွေ လျှောက်နိုင်ပြီ။ ကျန်းမာရေးကလည်း ပြန်ကောင်းလာပြီ။ ဝမ်းသာစရာကောင်းတာက ကျောက်ကပ်က အခုလောလော ဆယ်မှာ ဆရာဝန်ကြီးက မဆေးရသေးဘူးလို့ ပြောတယ်။ ကျန်းမာရေးကတော့ တော်တော်လေး အစားအသောက်က ရှောင်ရတယ်။ ကိုယ်က လည်း ပရိသတ်တွေနဲ့ ပြန်ထိတွေ့ချင်တယ်။အလုပ်လည်း  ပြန်လုပ်ချင်တယ်လေ။မကြာမီ အချိန်အတွင်းမှာ ကစ်ကြစ် အနုပညာအလုပ်တွေ ပြန်လုပ်ပါတော့မယ်"လို့ သြဂုတ်လ(၂၆) ရက်နေ့က ပြုလုပ်ခဲ့တဲ့ "ဟီးဟီးဟားဟား" ရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲ ပြသပွဲနေ့မှာ ပြောပြခဲ့ တာဖြစ်ပါတယ်။

ဟာသသရုပ်ဆောင်ကစ်ကစ်ကို ကျန်းမာရေးထောက်ပံ့ငွေလှူခဲ့တဲ့ စည်ဖြိုး 

သူမနေမကောင်းခဲ့စဉ်က အနုပညာမောင်နှမတွေများစွာ ကူညီခဲ့တာကိုလည်း ကျေးဇူးတင်ကြောင်းနဲ့ သူမကို အနုပညာအလုပ်တွေနားပြီး သေချာဆေးကုသဖို့ ဝတ်မှုံရွှေရည်ကလည်း တစ်တွတ်တွတ်နဲ့ ပြောခဲ့ကြောင်း ကစ်ကစ်က ယခုလို ပြန်ပြောပြခဲ့ပါတယ်။

"မင်းသမီးလေး တစ်ယောက်ကလည်း နားတော့နားတော့ နားပြီးရင် သေချာဆေးကုပါလို့ ပြောပါတယ်။ တခြားလူမဟုတ်ပါဘူး ဝတ်မှုံရွှေ ရည်ပါ။ ကစ်ကစ်က ကစ်ကစ်ကို ပြန်ပြီး ကျန်းမာရေး ဂရုစိုက်ဖို့ ပြောပါတယ်။ အဲ့ဒါကြောင့်မို့ ကိုယ်နေကောင်းအောင်နေတယ်။ မကြာမီ အချိန်အတွင်းမှာ ကစ်ကစ် အနုပညာအလုပ်တွေ ပြန်လုပ်ပါတော့မယ်။အခုဆို တော်တော့်ကို ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာ တာပေ့ါနော်။ အစကဆို စကားတစ်ခွန်းနှစ်ခွန်းပြောရင်တောင် အရမ်းမောတယ်။ ပြောလို့မကောင်းဘူး။ အခုတော့ တော်တော် ကောင်းနေ ပါပြီ" လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: အိစိကွေး FB

 

အနုပညာကို ချစ်တဲ့ သူမဟာ အနုပညာကို ချစ်တဲ့ပရိသတ်တွေအတွက် ဟာသကို ချစ်တဲ့ပရိသတ်တွေအားလုံးအတွက် သူမရှင်သန်နေသ၍ အသက်ရှင်နေသ၍ ပြန်ပြီး ပေးဆပ်သွားမှာပါလို့ ဆိုပါတယ်။ သရုပ်ဆောင် ဟာသမယ် ကစ်ကစ်ဟာ ၂၀၁၈ခုနှစ် နှစ်စပိုင်းတုန်းက ကျန်းမာရေး အခြေအနေတော်တော့်ကို မကောင်းခဲ့တာပါ။

သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကို ခံစားနေရရုံသာမက ကျောက်ကပ်ကပါ မကောင်းတဲ့အတွက် ဆေးကုသမှုကို အချိန်တော်တော်ကြာ ခံယူခဲ့ရပါတယ်။အခုတော့ သူမဟာ ကျန်းမာရေး တော်တော့်ကို  ပြန်ကောင်းနေပါပြီ။

 

Share

Loading Next Article...
က္က