လွဲသွားတဲ့ လမ်းကြောင်း ပြန်တည့်နေရတယ်။

ညီနန္ဒတစ်ယောက် ချစ်စရာကောင်းတဲ့ သူ့ရဲ့ သမီးလေးအကြောင်းကို ရွှန်းရွှန်းဝေအောင် ပြောပြလာပါတယ်။ ဂီတကို ဝါသနာ ပါတဲ့ သမီးလေး ကိုတော့ လက်ရှိမှာ ပညာရေးကိုပဲ ဦးစားပေးစေချင်တယ်လို့ ဆိုပါတယ်။

Photo: Nyi Nanda Facebook

 

သရုပ်ဆောင် ညီနန္ဒ ဟာ အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်ပြန်လည်ဆောင်ရွက်နေတာဖြစ်ပါတယ်။ သူ့မှာတော့ အရမ်းကို ချစ်စရာကောင်းပြီး အသံပါရမီကောင်းတဲ့ သမီးလေး တစ်ယောက် ပိုင်ဆိုင်ထားပါတယ်။ သမီးလေးရဲ့ သီချင်းဆိုတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ယက်စာမျက်နှာပေါ် တင်လိုက်တဲ့အချိန်မှာ အားပေးတဲ့ပရိသတ်များစွာ ရရှိခဲ့ပါသေးတယ်။

'' အစ်ကို့ သမီးလေးကတော့ ၆ နှစ်ခွဲ တစ်တန်းပေါ့။ သမီးက အဖေနဲ့ရော အမေနဲ့ရော တူတယ်။ ဒါပေမယ့် အမေ နဲ့ ပိုတူတာပါ။ သူကတော့ သီချင်းကိုတော့ ရေရေလည်လည်ကို ဆိုတာ ၂ နှစ်ခွဲလောက်ကတည်းက သီချင်းကို တအားဆိုတာ'' ဆိုပြီးတော့ သဘောကျရယ်မောရင်း ဖြေဆိုပေးခဲ့ပါတယ်။

Photo: Nyi Nanda Facebook

 

ညီနန္ဒဟာ အိမ်ထောင်ပြုပြ့ီးသွားတဲ့ နောက် အနုပညာအလုပ်တွေလည်း မလုပ်ဖြစ်တာကြောင့် ပရိသတ်တွေနဲ့လည်း ဝေးကွာခဲ့ တာ ဖြစ်ပါတယ်။ ဒါကြောင့် သမီးလေးကိုလည်း ကျောင်းစာပဲ အဓိကထား စေချင် သေးတဲ့အကြောင်း သြဂုတ်လ ၃၁ ရက်နေ့ညက နေရယ်၊ လရယ် ၊ အမှန်တရားရယ် ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲမှာ Duwun Media ကို သီးသန့် ဖြေဆိုခဲ့ပါတယ်။

'' လောလောဆယ်မှာတော့ ကိုယ်ကိုယ်တိုင်တောင် လွဲသွားတဲ့ လမ်းကြောင်းကို မနည်း ပြန်တည့်နေရတာဆိုတော့ သမီးလေးကိုတော့ ကျောင်းစာ ဘက်ကိုပဲ အဓိက ထားရမှာပေါ့နော်။ ဘဝမှာလည်း ကိုယ်ဖြစ်စေချင်တာကိုလည်း ဖြစ်ချင်မှ ဖြစ်မှာဆိုုတော့ ပြောလို့တော့ မရသေးဘူး'' ဆိုပြီးတော့ ညီနန္ဒက ပြောပါတယ်။

Photo: Nyi Nanda Facebook

နေရယ် လရယ် အမှန်တရားရယ် ရိုက်ကွင်းပေါ်က အမှတ်တရများ 

ညီနန္ဒဟာ၂၀၁၇ ခုနှစ်က စပြီး အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ နေရယ်၊ လရယ်၊ အမှန်တရားရယ် ရုပ်သံ ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ် နိုင်ငံတော်အကျိုးပြု ဇာတ်လမ်းတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

'' ဒီတစ်ခေါက် အနုပညာကိုပြန်လုပ်ခွင့်ရတာကိုက အရမ်းကို တန်ဖိုးလည်းထားတယ်။ သေသေချာချာလည်း လုပ်မယ်။ အကောင်းဆုံးဂရုစိုက် ပြီးတော့ လုပ်နေတဲ့အတွက် အခုချိန်ထိ အားပေးနေကြတဲ့ အစ်ကို့ ပရိသတ်တွေ ကို လေးစားပြီးတော့ လုံးဝစော်ကားမိတဲ့ အရာမျိုး မလုပ်မိ အောင် သေချာကြိုးစားသွားပါမယ်'' လို့ ဆိုပါတယ်။

Photo: Nyi Nanda Facebook

 

ညီနန္ဒက အနုပညာလောကနဲ့ ဝေးကွာခဲ့တာ ၃ နှစ်ကျော် ကြာပြီလို့ သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော် ရပ်တည် လျှက် ရှိပါတယ်။ စီးပွားရေးဘက်ကို ပြောင်းတဲ့အချိန်မှာလည်း နားလည် တက်ကျွမ်းသူ မဟုတ်တဲ့အတွက်  ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ သူ့ရဲ့ ဝါသနာအရင်းခံအရ အနုပညာအလုပ်တွေ ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က