ရိုက်ကွင်းပေါ်က အတွေ့အကြုံတွေကို ပြောလာပါတယ်။

နိုင်းနိုင်းဟာ တောထဲတောင်ထဲမှာ ရိုက်ကူးရေးလုပ်နေရတဲ့ အတွေ့အကြုံကို ပရိသတ်တွေဆီ မျှဝေပြောပြလာပါတယ်။ လက်ရှိမှာတော့ ဒါရိုက်တာ ဘုဏ်းသိုက်၊ သရုပ်ဆောင် ခါရာတို့နဲ့အတူ ဇာတ်ကားရိုက်ကူးနေတာ တွေ့ရပါတယ်။

Photo: Actor 99

နိုင်းနိုင်းက လက်ရှိမှာ ဒါရိုက်တာဘုဏ်းသိုက်၊ သရုပ်ဆောင်ခါရာတို့နဲ့ အတူ နယ်မှာ ရုပ်ရှင်ကားကြီးရိုက်ကူးနေတာ ဖြစ်ပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် လူတွေထဲက လူတစ်ယောက်ဖြစ်တယ်ဆိုတာကို ရိုက်ကွင်းပေါ်က အတွေ့အကြုံနဲ့ ပြောပြလာပါတယ်။

‘’ကျွန်တော်တို့ အနုပညာသမားများဘဝက တစ်ခါတစ်လေ ဒီလိုလေးတွေရှိတတ်ပါတယ်။ ပွဲတက်သောအခါ မြင်တွေ့ရသောပုံစံကို လူအများမြင်ဖူးပေမယ့် တောထဲတောင်ထဲ တကယ်အလုပ်လုပ်ရသောအခါ နေတတ်၊ စားတတ်၊ အိပ်တတ်ဖို့ လိုပါတယ်။ ကျွန်တော်ချစ်သော ပရိတ်သတ်ကြီး။ ကျွန်တော့်တို့ဟာ လူထဲကလူပါပဲ’’ ဆိုပြီးတော့ သူ့ရဲ့ Actor 99 Facebook Page မှာ ဧပြီလ ၈ ရက်နေ့ နေ့လယ် ၁၁ နာရီ မိနစ် ၄၀ က ရေးခဲ့တာဖြစ်ပါတယ်။

Photo: Actor 99

သူဟာ မိသားစုတွေနဲ့အတူ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ နေထိုင်လေ့ရှိပြီး ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးနဲ့ အခြား အနုပညာနဲ့ ဆက်နွယ်တဲ့ အလုပ်ကိစ္စတွေရှိမှသာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

Photo: Actor 99

နိုင်းနိုင်းဟာ အနုပညာသက်တမ်း အနှစ် ၂၀ကျော်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူ့ကိုတော့ Music Video တွေ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ် စတင်သိရှိခဲ့တာပါ။ အနုပညာသက်တမ်းကြာလာတာနဲ့အမျှ ပရိသတ်များစွာတို့ရဲ့ အားပေးမှုကြောင့် အောင်မြင်မှုတစ်ခု ရရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။


Photo: Actor 99

အဲဒီနောက်မှာတော့ ဇနီးဖြစ်သူ စန္ဒီချိုနဲ့ ၂၀၀၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ မိသားစုလေးဟာ သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်ရေးကတော့ မြင်ရသူ ပရိသတ်တွေအဖို့ကြည်နူးဖို့ကောင်း ပါတယ်။ နိုင်းနိုင်း နဲ့ စန္ဒီချိုတို့မှာ သမီး ၃ ယောက်၊ သားတစ်ယောက်ရှိပါတယ်။

Share

Loading Next Article...
က္က