လက်ရှိမှာလည်း ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတဲ့ဇာတ်ကားတွေရှိပါသေးတယ်။

ဦးကျော်သူကတော့ သူ့ကို အားပေးကြတဲ့ ပရိသတ်တွေအတွက် နောက်ထပ် အနုပညာမှတ်တိုင်တစ်ခုစိုက်နိုင်အောင် ကြိုးစားသွားမယ်လို့ဆိုပါတယ်။ လက်ရှိမှာလည်း သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေရှိပါသေးတယ်။


Photo: Kyaw Thu

သရုပ်ဆောင် ဒါရိုက်တာ ဦးကျော်သူကတော့ Star Award ဆုကိုပဲ ထပ်ယူမှာလား၊ အကယ်ဒမီရွှေစင်ရုပ်တုကိုပဲ ထပ်ယူပြမလား မသိတော့ပါဘူး။ နောက်ထပ် ဆုတစ်ခုခု ထပ်ယူပြမယ် ဆိုတာကို အခုလိုပြောပြလာပါတယ်။


“မင်းကို ထပ်ယူပြအုံးမယ်။ တိုက်တိုက်ဆိုင်ဆိုင်ရုပ်ရှင်လောကသားတွေ (ဒါရိုက်တာ၊မင်းသား၊မင်းသမီး၊စက်အဖွဲ့၊အကယ်ဒမီဘုတ်အဖွဲ့၊ဆင်ဆာလူကြီးများ) အသင်းကို ဒီနေ့ လာတာများတယ်။ အိမ်ပြန်ရောက်တော့ နားနားနေနေလေး နေတုန်းအတွေးတစ်ခုပေါ်လာတယ်။သေရင်တော့ ဘာမှမပါသွားနိုင်ဘူး။ ကောင်းမှုကုသိုလ်ဘဲပါသွားမှာ။ ဒါပေမယ့် မသေခင်ကောင်းတဲ့မှတ်တိုင်တွေကို ကောင်းတဲ့အပြော၊ကောင်းတဲ့အလုပ်နဲ့ညီစွာ စိုက်ထူသွားဖို့ လိုအပ်တယ်။ ဒါ့ကြောင့်... " ငါ မင်းကိုထပ်ယူပြအုံးမယ်"။ (ကျော်သူ)’’ ဆိုပြီးတော့ ဇွန်လ ၅ ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Kyaw Thu

အဲဒီနောက် အကယ်ဒမီရွှေစင်ရုပ်တု နဲ့ Star Award ဆု တွေကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ထားတဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါတယ်။ ဦးကျော်သူကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း နောက်ထပ် ဆုတစ်ဆု ထပ်ရစေဖို့ Comment ကနေတဆင့် ဆုတောင်းစကားတွေပြောခဲ့ပါတယ်။


ဦးကျော်သူက လက်ရှိမှာ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ဝရဇိန် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်သလို နာရေးကူညီမှုအသင်းကြီးကိုလည်း ဦးဆောင်စီမံနေရသူ တစ်ဦးဖြစ်ပါတယ်။ ဒီအသင်းကနေ အလှူအတန်းတွေ၊ ပရဟိတ လုပ်ငန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။



Photo: Kyaw Thu

ကေျာ်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာဆုကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုချီးမြှင့်ပွဲမှာ ‘’ပုဂံမြို့သူ’’ ရုပ်သံဇာတ်လမ်းတွဲနဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲ ဒါရိုက်တာဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က