မမို့လိုမျိုးဖြစ်အောင် လေ့လာသင်ယူနေရတုန်းပါပဲ။

ရန်အောင်ကတော့ အကယ်ဒမီဆုတွေရနေပေမယ့်လည်း မို့မို့မြင့်အောင်ဆီကနေ ပညာတွေယူနေရတုန်းပဲလို့ဆိုပါတယ်။ အနုပညာနဲ့ ပတ်သက်တဲ့ ဆရာတွေထဲမှာ မို့မို့မြင့်အောင်လည်း ပါတယ်လို့ သူကပြောပါတယ်။

Photo: Yan Aung



သရုပ်ဆောင် ရန်အောင်ကတော့ စီနီယာအနုပညာရှင်တစ်ယောက်ဖြစ်သူ အကယ်ဒမီမို့မို့မြင့်အောင်ဆီကနေ အခုချိန်ထိ သရုပ်ဆောင်အတတ်ပညာကို သင်နေရတုန်းပဲလို့ဆိုပါတယ်။ မြင်ဆရာတွေထဲမှာလည်း မို့မို့မြင့်အောင်က တစ်ယောက်အပါအဝင်ပါလို့ မီဒီယာအင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

‘’ မမို့က ကျွန်တော်မင်းသားမဖြစ်ခင်ကတည်းက မမို့ရဲ့ အိုက်တင်တွေကို ကြည့်ပြီးတော့ မြင်ဆရာဖြစ်ခဲ့တာပေါ့နော်။ သင်လည်း သင်ပေးပါတယ်။ အစ်ကိုတို့ကို အများကြီး သင်ပေးခဲ့ဖူးပါတယ်။ အခုလည်း သင်ပေးနေတုန်းပဲ။ အစ်ကိုတို့ကလည်း ဘာမှ တတ်သွားရတယ်လို့မရှိဘူး အခုချိန်ထိ လေ့လာနေရတုန်းပဲ’’ လို့ သူကဆိုပါတယ်။

Photo: Yan Aung

မို့မို့မြင့်အောင်နဲ့ ရန်အောင်တို့ အနုပညာမောင်နှမ နှစ်ယောက်ကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ၊ ဗီဒီယို ဇာတ်ကားပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်းများစွာတို့ကို အတူတူရိုက်ကူးခဲ့ကြသူဖြစ်ပါတယ်။ အလုပ်အတူတူလုပ်တဲ့အခါမှာလည်း အစစအရာရာ ပိုအဆင်ပြေတယ်လို့ ရန်အောင်က ပြောပါတယ်။

‘’ အစ်မက အလုပ်နဲ့ပတ်သက်လာရင်လည်း ညှိလို့ သိပ်ကောင်းတဲ့သူပါ။ လိုတိုး ပိုလျှော့ အမြဲတမ်းလုပ်ပေးတယ်။ မမို့ရဲ့ အားသာချက်က အရမ်းပါးနပ်တယ်။ တစ်ခုခုဆိုရင် ချက်ချင်းသိတယ်။ ကျွန်တော်တို့လည်း အဲဒီလိုဖြစ်အောင် ကြိုးစားတယ်။ ဒါပေမယ့်လည်း မမို့က ကျွန်တော်တို့ သိထားတာထက် ပိုမြန်တယ်။ သဘောပေါက် ပိုမြန်တယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၅ ရက်နေ့က တန်ဖိုး ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Yan Aung

မမို့က အနုပညာနဲ့ ပတ်သက်လာရင် အရည်အချင်းကောင်းတွေ အများကြီးရှိတယ်လို့ ရန်အောင်က ပြောပါတယ်။ သူကိုယ်တိုင်ကလည်း မမို့လို ဖြစ်အောင် ကြိုးစားနေတယ်လို့ပြောပါတယ်။

‘’ မမို့က တကယ့်ကို ဆရာကောင်းတွေနဲ့တွေ့ခဲ့တာပါ။ ကျွန်တော်တို့တွေလည်း ဆရာကောင်းတွေနဲ့ တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဆရာကောင်းတွေဆီကနေ ရလိုက်တဲ့ ပညာက တစ်မတ်ဖိုးလောက်ပဲရမယ်ပေါ့နော်။ မမို့ကကျတော့ တစ်ကျပ်ဖိုး မပြည့်ရင်တောင်မှ ၃ မတ်ဖိုးလောက်ကတော့ ရလိုက်တယ်ခင်ဗျ။ အဲဒါတွေတော့ ကွာတယ်’’ လို့ သူကဆိုပါတယ်။

Photo: Yan Aung

ကိုရန်လေးလို့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်ခြင်းကို ခံရတဲ့ ရန်အောင်ဟာ အကယ်ဒမီ ဆု (၆)ဆုကို ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ၁၉ ၉ ၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊၁၉၉၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊၁၉၉၈ ခုနှစ်က ညမင်းသား ၊ ၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ ဇာတ်ကားများနဲ့ ဇာတ်ဆောင်အကယ်ဒမီများ ရရှိထားသူ ဖြစ်ပါတယ်။



Share

Loading Next Article...
က္က