သူမကိုယ်တိုင်လည်း ကြိုးစားနေပါတယ်တဲ့။

ဝတ်မှုံရွှေရည်က အနုပညာနဲ့ ပတ်သက်လာရင် သူမရဲ့ ရည်ရွယ်ချက်တွေ အများကြီးရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့်လည်း သူမကိုယ်တိုင် သရုပ်ဆောင်ချင်တဲ့ ဇာတ်ကားတွေကို ရွေးချယ်လက်ခံဖြစ်တယ်လို့ပြောပါတယ်။

photo: Wutt Mhone Shwe Yi



ဝတ်မှုံရွှေရည်က အခုဆိုရင် ပြည်တွင်းမှာရှိတဲ့ အနုပညာအလုပ်တွေသာမက ပြည်ပနိုင်ငံက အနုပညာရှင်တွေနဲ့ပါ အလုပ်တွေ အတူတွဲလုပ်လာတာကို တွေ့ရပါတယ်။ သူမ ချစ်တဲ့ ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားပြချင်တယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ရုပ်ရှင်မှာပဲ ဖြစ်ဖြစ် အသစ်၊ အသစ်တွေကို ဖောက်ချင်တာလေ။ အခုဆိုရင် ခေတ်ကလည်း ကောင်းနေပြီဆိုတော့ ရုပ်ရှင်ကား ကောင်းကောင်းတွေကို အသစ်လိုမျိုး သွားတဲ့ အချိန်မှာ ပရိသတ်ကလည်း လိုက်လာဖို့လိုတာပေါ့နော်။ ကစ်တို့ချပြတဲ့ အနုပညာအသစ် အသစ်တွေ၊ ဖန်တီးမှုတွေကို လက်ခံပေးပါ၊ ကြိုးစားနေပါတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၈ ရက်နေ့က Mytel Brand Ambassador ချီးမြှင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။

photo: Wutt Mhone Shwe Yi

ဒါကြောင့်လည်း ဝတ်မှုံရွှေရည်က လာကမ်းလှမ်းတဲ့ ဇာတ်ကားတိုင်းကို သေသေချာချာ စိစစ် ရွေးချယ်ပြီးမှ ရိုက်ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ခါတလေမှာ ပရိသတ်အကြိုက်နဲ့ ထပ်တူမဖြစ်တာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

‘’ ကိုယ်တိုင်ကလည်း ဇာတ်ကားကောင်းတွေရိုက်ရတာ ရင်ခုန်လာတယ်။ ဒီလိုပဲ ပရိသတ်ကိုလည်း ကောင်းတာလေးတွေ ကြည့်စေချင်တယ်။ ဒါပေမယ့် တစ်ခါတလေကျရင်လည်း ကိုယ်က ကောင်းကောင်းရိုက်ပေမယ့်လည်း ဘတ်ဂျက်မြင့်မြင့်၊ သေသေချာချာရိုက်ပေမယ့်လည်း တစ်ခါတလေ ပရိသတ်အကြိုက် မတူသွားတာမျိုးလေးတွေလည်းရှိတာပေါ့နော်။ အဲဒီအတွက် ပရိသတ်တွေလည်း ကိုယ်တွေရိုက်တဲ့ ကားကောင်းလေးတွေ ရိုက်စေချင်တယ်ပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: Wutt Mhone Shwe Yi

ဝတ်မှုံရွှေရည်က လက်ရှိမှာ အောင်မြင်တဲ့ မင်းသမီးတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ပရိသတ် အခိုင်အမာ နဲ့ ဒီနေ့အချိန်ထိ ရပ်တည်နိုင်ခဲ့တာကလည်း အနုပညာအလုပ်ကို သစ္စာရှိရှိလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

‘’ အဓိက ကတော့ ကိုယ့်အလုပ်အပေါ်မှာ ကိုယ် အကောင်းဆုံးကြိုးစားတယ်။ အဓိက ကတော့ ကိုယ်ဝါသနာပါတဲ့ အနုပညာအလုပ်အပေါ်မှာ သစ္စာရှိရှိလုပ်တယ်။ ရိုးသားတယ်။ ပြီးတော့ ပရိသတ်အပေါ်မှာ အစစ်အမှန်တွေပဲ အမြဲတမ်း ပေးချင်တယ်’’ လို့ သူကဆိုပါတယ်။

Photo: Wutt Mhone Shwe Yi

လက်ရှိ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ ဝတ်မှုံရွှေရည်( Wutt Hmone Shwe Yi) တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီးရှိပါတယ်။ အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ သူမဟာ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က