မိုးဟေကို၊ နန်းမြတ်ဖြိုးသင်း၊ ခိုင်နှင်းဝေနဲ့ စန္ဒီမြင့်လွင်တို့က ပြောပြထားပါတယ်။

မိုးဟေကို၊ နန်းမြတ်ဖြိုးသင်း၊ စန္ဒီမြင့်လွင်နဲ့ ခိုင်နှင်းဝေတို့ဟာ သူတို့ရင်ထဲမှာရှိတဲ့ အမေများနေ့မှာ မေမေနဲ့ ပတ်သက်တဲ့ အမှတ်တရအကြောင်းတွေ ရင်ဖွင့်ပြောပြထားပါတယ်။

မေလ ၁၂ ရက်နေ့ကတော့ အမေများနေ့ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေအရမ်းချစ်ကြတဲ့ အနုပညာရှင်တွေထဲမှာမှ သရုပ်ဆောင် မိုးဟေကို၊ နန်းမြတ်ဖြိုးသင်း၊ စန္ဒီမြင့်လွင်၊ ခိုင်နှင်းဝေ တို့က အမေနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ပြောပြထားကြပါတယ်။

‘’Happy Mother’s Day , မိုး အတွက်တော့ အမေများနေ့ဆိုတာ အမေနဲ့အတူကိုယ့်အသက်ရှင်နေတဲ့အချိန် ကာလပတ်လုံးဟာအမေများနေ့ပါပဲ။ အမေများနေ့မှာ ကိုယ်ချစ်ရတဲ့ အမေနဲ့အတူနောင်နှစ်ပောင်းများစွာတိုင် ပျော်ရွင်ကြည်နူူးစွာဖြတ်သန်းနိုင်ကျပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်’’ ဆိုပြီးတော့ မိုးဟေကိုရဲ့ ဖေ့ဘွတ်အကောင့်မှာ မေလ ၁၂ ရက်နေ့ မနက်ပိုင်းက ရေးသားထားတာပါ။

Photo: Moe Hay Ko

အဲဒီနောက် မကြာသေးခင်ကမှ မိခင်တစ်ယောက်ဖြစ်လာတဲ့ သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းကလည်း မေမေ နဲ့ ပတ်သက်တဲ့ သူ့ရင်ထဲက ခံစားချက်တွေကို ထုတ်ပြောပြခဲ့ပါတယ်။ သူကိုယ်တိုင်လည်း မိခင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်လို့ဆိုပါတယ်။

‘’Happy Mother’s Day Mummy, ကိုယ်တိုင်မိခင်ဖြစ်လာတော့အမေတစ်ယောက်ရဲ့ မေတ္တာကို ပိုနားလည် လာပါတယ်မေမေ။တော်ရုံအနစ်နာခံစွန့်လွှတ်မှုနဲ့တော့မိခင်ကောင်းတယောက်မဖြစ်နိုင်ပါဘူး။ဒီနေ့ထိမိခင်ကောင်းတစ်ယောက်အဖြစ်သမီးတွေအပေါ်မှာကောမြေးလေးတွေအထိဖြည့်ဆည်းပေးနေတဲ့မေမေ့ရဲ့မေတ္တာစေတနာတွေအတွက်ကျေးဇူးလဲအများကြီးတင်ပါတယ်။သမီးလည်းမိခင်ကောင်းတစ်ယောက်ဖြစ်အောင်အမြဲကြိုးစားနေပါ့မယ်’’ လို့နန်းမြတ်ဖြိုးသင်းရဲ ဖေ့စ်ဘွတ်စာမျက်နှာမှာ မေလ ၁၂ ရက်နေ့ မနက် ၈နာရီ ၅၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Nan Myat Phyo Thin

ခိုင်နှင်းဝေကလည်း အမေများနေ့အမှတ်တရအဖြစ် သူ့ရင်ထဲက စကားတွေကို မေမေ့အတွက် လက်ဆောင်ပါးခဲ့ပါတယ်။ သူမဟာ မေမေ့ကို အရမ်းချစ်တဲ့ သမီးလေးတစ်ယောက်လည်းဖြစ်ပါတယ်။

‘’ချစ်တဲ့မေမေ... သမီးအတွက်ကတော့ နေ့ရက်တိုင်းဟာ အမေများနေ့ပါပဲ။ လောကမှာရှိတဲ့ အမေများအားလုံး မိခင်များအားလုံးကို ရိုသေလေးစားဂါရဝပြုတဲ့ အမေများနေ့မှာ မိခင်မေတ္တာကိုလေးစားသောအားဖြင့် ဂါရဝပြုပါတယ်ရှင်။ ကျွန်မအတွက်တော့ ကျွန်မရဲ့မေမေကို ဒီနေ့မှ အထွေအထူး ဂရုစိုက်မှုတွေ မလုပ်ဖြစ်ပါဘူး။ နေ့တိုင်း မေမေ့မေတ္တာကို နားလည်လို့ ညအိပ်ယာဝင်တိုင်း မေမေ့ကိုကန်တော့ပြီးမှအိပ်တတ်ပါတယ်။ အသက်ထက်ဆုံးတောင် မေမေ့ကို လုပ်ကျွေးပြုစုရတဲ့ သမီးကောင်းတစ်ယောက်ဖြစ်ပါစေလို့ပဲ။ တောင်းတဲ့ဆု ပြည့်ရပါစေ။ နေ့စဉ်ဘုရားရှိခိုတိုင်းတောင်းတဲ့ဆု လေးကတော့ မေမေ ကျန်းမာပြီးအနာမဲ့အသက်ရှည်လို့ မေမေပျော်ရွှင်စိတ်ချမ်းသာပါစေ ဆိုတာလေးပါပဲ။ ရွှေငွေစိန်တွေနဲ့ချမ်းသာချင်မှချမ်းသာမယ် စိတ်ချမ်းသာမှုတော့ အပြည့်ရှိတဲ့ ကျမရဲ့ ဘဝလေး မေမေကြောင့် လှပနေတာပါ ကျေးဇူးပါမေမေ’’ ဆိုပြီးတော့ ခိုင်နှင်းဝေကလည်း အမေများနေ့ အမှတ်တရ ကိုပြောပြထားပါတယ်။

Photo: Khin Hnin Wai

လက်ရှိမှာ ပထမဦးဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့ စန္ဒီမြင့်လွင်ဟာ အမေများနေ့ နဲ့ ပတ်သက်ပြီး မေမေ့ကို ချစ်တဲ့အကြောင်းတွေ တစ်ဝကြီး ပြောပြထားပါတယ်။

‘’သမီးချစ်တဲ့မေကြီး။အရာရာကိုအမြဲအပင်ပန်းခံကိုယ့်ပါတ်ဝန်းကျင်ကလူတွေမိသားစုဆွေမျိုးတွေအပေါ်သံယောဇဉ်ရှိလွန်းတဲ့မေကြီး သားသမီးတွေအပေါ်အမြဲအနစ်နာခံတက်လွန်းတဲ့မေကြီး။ စန္ဒီမြင့်လွင်ဆိုပြီးဖြစ်တည်လာဖို့မေကြီးရဲ့နောက်ကွယ်ကပံ့ပိုး အနစ်နာခံမှု သာမရှိခဲ့ရင် သမီးဆိုတာဖြစ်တည်လာမှာ မဟုတ်ပါဘူး မေကြီးအမြဲစိတ်ချမ်းသာပါစေ။ မေကြီးအပေါ်ကျေးဇူးမဆပ်နိုင်သေးခင်မှာကြွေးသစ်ချမိနေပီမေကြီးရေ သားအမိနှစ်ယောက်တက်ညီလက်ညီအရင်လိုပဲခရီးတွေသွားပျော်စရာတွေအများကြီးဆက်လက်ဖန်တီးကြမယ်မေကြီးလုပ်ချင်တဲ့ကုသိုလ်ရေးတွေလဲဆက်လုပ်ကြမယ် ။ စိတ်ထားနူးညံ့ကောင်းလွန်းတဲ့အမေ။ဘဝတစ်လျှောက်သူတော်သူမြတ်ကောင်းတွေနဲ့အမြဲတွေ့ရပါစေ။လက်ဆောင်ကတော့ပြောထားတဲ့ဟာရတော့မယ်နော် အကြွေးမှတ်။အမေများနေ့အမှတ်တရ ရေးရမယ်ဆိုရင်တော့မကုန်နိုင်လောက်အောင်များပြားလွန်းတယ် ဒီကမ္ဘာကြီးနဲ့တောင်မဆံ့နိုင်ဘူးမေကြီးရေ’’ ဆိုပြီးတော့ စန္ဒီမြင့်လွင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Sandy Myint Lwin

သူတို့ဟာ လက်ရှိမှာ အောင်မြင်မှုရရှိနေကြတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ ဝါသနာပါတဲ့ အနုပညာအလုပ်တွေနဲ့ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေကြသူတွေဆိုရင်လည်း မမှားပါဘူး။ အခုချိန်ထိလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။

Share

Loading Next Article...
က္က