(၄၂)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ဖြစ်ပါတယ်။

(၉၉)ကြိမ်မြောက် ရုပ်ရှင်နေ့နဲ့ (၄၂)ကြိမ်မြောက် မြန်မာနိုင်ငံ ရုပ်ရှင် သက်ကြီးပူဇော်ပွဲအခမ်းအနားမှာ သက်ကြီး အနုပညာရှင် (၁၆၅)ဦးအား ငွေသားများ၊လိုအပ်တဲ့ဆေးဝါးများနဲ့ ကန်တော့ခဲ့ကြပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြီးမှုးကျင်းပတဲ့ (၉၉)ကြိမ်မြောက် ရုပ်ရှင်နေ့နဲ့ (၄၂)ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊အောက်တိုဘာ(၁၃) ရက်နေ့က နှင်းဆီကုန်းဘိုးဘွာရိပ်သာမှာ ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ်က အကန်တော့ခံ သက်ကြီးအနုပညာရှင် (၁၆၅)ဦး ရှိခဲ့ပြီး တစ်နှစ်အတွင်းမှာ ဆုံးပါးသွားခဲ့တဲ့ ဘိုးဘွား(၁၀)ဦးတိတိ ရှိခဲ့တာကြောင့် ယင်းဘိုးဘွားများနေရာမှာ နောက်ထပ် ဘိုးဘွား ၁၀ဦးကို ထပ်မံ ဖြည့်စွက်ထားတယ်လို့လည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းက ဆိုပါတယ်။

“ဒီနှစ်လည်း အရင်နှစ်တွေလိုပဲ သက်ကြီးဘိုးဘွားများကို ငွေသား၊ဆေးဝါးတွေနဲ့တခြား ပစ္စည်းတွေနဲ့ ကန်တော့ကြမယ်ပေ့ါ။ သက်ကြီးအနုပညာပေါင်း ၁၆၅ဦးပါ။ ဒီနှစ်မှာဆိုရင် သက်ကြီး ၁၆၅ဦးထဲက ဝမ်းနည်းစရာပါပဲ ဒီနှစ်မှာ ၁၀ဦးကွယ်လွန်သွားခဲ့တယ်။ အဲဒီအတွက် နောက်ထပ် သက်ကြီးစီစစ်ရေး ကော်မတီကနေ(၁၀)ဦး ရွေးချယ်ပြီးထပ်ဖြည့်ထားပါတယ်။ဒီနှစ်လည်း ၁၆၅ဦးပါပဲ” လို့ Duwun ကို ပြောပါတယ်။

ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာတော့ အနုပညာလောကသားတွေများစွာ တက်ရောက်ခဲ့ကြပြီး စတုဒီသာများ ကျွေးမွေးကာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းခဲ့ကြပါတယ်။

ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် တစ်လအလိုကတည်းက သေချာ စစ်ဆေးပြီး လှူဒါန်းမှုတွေအတွက် အသေးစိတ် စီမံ ဆောင်ရွက်ခဲ့သလို နောင်နှစ်မှာ ကျရောက်မယ့် နှစ်(၁၀၀)ပြည့် ရုပ်ရှင်နေ့နဲ့ (၄၃)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲအတွက် ယခုကတည်းက ယာယီကော်မတီဖွဲ့စည်းပြီး လိုုအပ်တာတွေ တိုင်ပင်နေပြီလို့ ဦးဇင်ဝိုင်းက ပြောပါတယ်။

ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို နှစ်စဉ် နှစ်တိုင်း နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် အပူဇော်ခံ သက်ကြီးဘိုးဘွားတွေကိုလည်း အသက် ၇၀ ကျော်မှသာ ကန်တော့ခံရတာဖြစ်တဲ့အကြောင်း သိရပါတယ်။ ကျန်းမာရေး အခြေ အနေ ကြောင့် ကန်တော့ပွဲကို မတက်ရောက်နိုင်တဲ့ ဘိုးဘွားတွေကိုလည်း ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေက အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ လက်ရှိ ဥက္ကဌရာထူးကို ဆောင်ရွက်နေတာကတော့ သရုပ်ဆောင် အကယ်ဒမီ ဦးဇင်ဝိုင်းဖြစ်ပါတယ်။ သူ့ လက်ထပ်မှာလည်း ရုပ်ရှင်လောကသားတွေအတွက် ဆောင်ရွက်ပေးရမယ့် တာဝန်တွေကိုလည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဦးဇင် ဝိုင်းက အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေသူဖြစ်သလို ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က