ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

အုပ်စိုးခန့် နဲ့ ယွန်းယွန်းတို့ရဲ့ လက်ရှိ ဆက်ဆံရေးကို အုပ်စိုးခန့်က အခုလို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်. သူ့အနေနဲ့ အနုပညာစီနီယာဖြစ်သူ ယွန်းယွန်းနဲ့သာမက တခြား စီနီယာ အနုပညာရှင်တွေနဲ့လည်း တရင်းတနှီးရှိတယ်လို့ ဆိုပါတယ်.

အဆိုတော်ချောချောလေး အုပ်စိုးခန့် နဲ့ သရုပ်ဆောင် ယွန်းယွန်း တို့ ချစ်သူတွေ ဖြစ်နေကြတယ်ဆိုတဲ့ သတင်းတွေ အပေါ် အုပ်စိုးခန့်က ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်. ဒီ သတင်းတွေ အပေါ်မှာလည်း မှန်တယ် . မှားတယ် ဆိုတာကို Duwun Media ကနေပြောပြခဲ့ပါတယ်.



'' သတင်းတွေကတော့ တစ်ခုပြီး တစ်ခုထွက်မှာပဲ ကောလာဟလတွေကလည်း အများဆုံးထွက်နေမှာပါပဲ. ကျွန်တော်တို့တွေ ကိုယ့်ဘာသာကိုယ်နေလည်း အမှန်တရားတွေလည်း ထွက်ရင်ထွက်မယ်. အမှားတွေလည်းထွက်ရင်ထွက်မယ်. ဒါပေမယ့် ကျွန်တော်က Social Media ပေါ်မှာ ဘာမှ မပြောပါဘူး. ကိုယ့်ဘာသာကိုယ်အေးအေးဆေးနေတယ်. ရှင်းလေ ရှုပ်လေဖြစ်မှာပဲလေ'' လို့ သူကဆိုပါတယ်.

အုပ်စိုးခန့်ဟာ ပွင့်ပွင့်လင်းလင်း နေတတ်သူ ဆယ်ကျော်သက် လူငယ်အဆိုတော်လေး တစ်ယောက်ဖြစ်ပါတယ်. သူ့အနေနဲ့ စီနီယာ အနုပညာ ညီအစ်ကို မောင်နှမ တွေနဲ့လည်း ရင်းရင်း နှီးနှီး နေတတ်တယ်ဆိုတာကို ဒီဇင်ဘာလ ၂၈ ရက်နေ့က သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်.

'' ခင်တာကတော့ အကုန်လုံးပါပဲ.သူတစ်ယောက်တည်းမှ မဟုတ်ပါဘူး တခြား အနုပညာရှင် အစ်မတွေ. ညီမတွေ နဲ့လည်း အကုန်လုံးကို ခင်ပါတယ်. ကျွန်တော့်ကို နားလည်ပေးမယ့် ကောင်မလေး နောက်ကနေပြီးတော့ ကျွန်တော့်ရဲ့ စိတ်ကို အရာရာနားလည်မှုရှိစေရမယ်. ပြီးတော့ ကျွန်တော့် စိတ်နဲ့ ပတ်သက်ပြီး အစစအရာရာ ပံ့ပိုးပေးနိုင်ရမယ်. အဲ့ဒီလို ကောင် မလေးကို ရွေးမှာပါ'' လို့ ဆိုပါတယ်.

အုပ်စိုးခန့်မှာတော့ မိန်းကလေးပရိသတ်တွေ အများကြီးရှိပါတယ်. သူ့ရဲ့ ဆွဲဆောင်မှု တစ်ခုကတော့ ဆံပင်ပါပဲ ဒီလို ဆံပင်အရှည်ထားဖြစ်တဲ့ အကြောင်းကိုလည်း ဆက်လက်ပြောပြလာပါတယ်

'' ကျွန်တော် ဆံပင်အရှည်ထားရတာ ကြိုက်တယ်. အရင်တုန်းကတော့ ဆံပင်အတို တိတိလေး ညှပ်ထားပါတယ်. ဒါပေမယ့် ကွဲထွက်သွားအောင်လို့ရယ်. ကျွန်တော့်အခွေမှာလည်း မတူညီတဲ့ ဆံပင်ပုံစံလေး တင်ချင်တာကြောင့် ဆံပင်အရှည်ထားခဲ့ပါတယ်.'' လို့ ဆိုပါတယ်.

အုပ်စိုးခန့် ကို ချစ်ခင်အားပေးကြတဲ့ သူတွေများသလို တိုက်ခိုက် ဝေဖန်ကြသူတွေကလည်း များပါတယ်။ အုပ်စိုးခန့်ကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သီချင်းတွေ သီဆိုရင်းက တဆင့် ပရိသတ်တွေအားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ ချစ်နေပြီ ဆိုတဲ့ သီချင်းလေးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့သလို တန်ခူးမေ ဆိုတဲ့ သီချင်းလေးကိုလည်း ပရိသတ်တွေအများကြီး အားပေးခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က