အုပ်စိုးခန့်က ပျော်ပျော်နေတတ်တဲ့ မောင်လေးပါတဲ့။

ဖုန်းသီရိကျော်တစ်ယောက် အုပ်စိုးခန့်နဲ့ စတင်တွေ့ဆုံခဲ့တုန်းက အမှတ်တရတွေကို သဘောကျရယ်မောရင်းပြောပြလာပါတယ်။ အုပ်စိုးခန့်ကို ကြိုက်တဲ့ကောင်မလေးတွေ ဘာကြောင့်များတာလဲ စဉ်းစားမရဘူးလို့လည်း စနောက်ခဲ့ပါသေးတယ်။

သရုပ်ဆောင် ဖုန်းသီရိကျော်နဲ့ အဆိုတော် အုပ်စိုးခန့်တို့ အနုပညာမောင်နှမနှစ်ယောက်ဟာ D&C ပွဲကို တက်ရောက်လာခဲ့ပါတယ်။ မောင်နှမလို ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့် သူ့ရဲ့ အချစ်ရေးသတင်းတွေမှာ အထင်လွဲစရာမဖြစ်အောင် နေတယ်လို့ ဖုန်းသီရိကျော်က မီဒီယာအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။



‘’ ဟုတ်တယ်၊ ကိုယ်တောင်ကြောက်နေတာ အသံထွက်မှာစိုးလို့။ ညီမတောင်စဉ်းစားနေတာ သူဘာကြောင့် စော်ကြည်နေတာလဲပေါ့။ ဒါပေမယ့် ခေါင်းထဲက ထွက်မလာဘူး။ ညီမက သူ့ထက် အသက်ပိုကြီးပါတယ်’’ ဆိုပြီးတော့ ဇွန်လ ၆ ရက်နေ့က D&C ပွဲကို တက်ရောက်ရင်း ရယ်ရယ်မောမော နဲ့ ပြောပြခဲ့တာပါ။

တစ်ယောက်နဲ့ တစ်ယောက်ကလည်း ကြော်ငြာတွေ အတူတူရိုက်ကူးရင်း စတင်တွေ့ဆုံခဲ့ကြတာလို့ ဖုန်းသီရိကျော်က ပြောပါတယ်။ အုပ်စိုးခန့်က ပျော်ပျော်နေတတ်တဲ့သူဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

‘’ Oppo အတွက် ဓာတ်ပုံရိုက်ကြရင်းနဲ့ ရှုတင်မှာ စဆုံဖြစ်တာပေါ့နော်။ သူက ခင်ဖို့ကောင်းပါတယ်။ ညီမက ပုံမှန်ဆို ၂ ရက်လောက် တွေ့ပြီးမှ ခင်ဖြစ်တာများတယ်။ စစချင်းတွေ့ရင် ညီမက အေးတဲ့ အထဲမှာပါတယ်။ ဒါပေမယ့် သူက အေးတဲ့လူကိုတော့ ဘေးနားကနေ တည်လို့မရအောင်ကို စနောက်တတ်တာ ခင်ဖို့ကောင်းပါတယ်’’ လို့ ပြောပါတယ်။

အဲဒီနောက် အုပ်စိုးခန့်ကလည်း ဖုန်းသီရိကျော်ကို လူတွေ့ပြီး မခင်သေးခင်ကတည်းက ဖေ့စ်ဘွတ်မှာ စပြီး မြင်ဖူးတာလို့ ဆိုပါတယ်။

‘’ သူ့ကိုတော့ တွေ့ခဲ့ရပါတယ်။ Facebook မှာ ခဏခဏပေါ့။ သူနဲ့ မသိခင်တုန်းကတည်းက အရမ်း Hit ဖြစ်နေတာကိုး။ သူ့ကိုတော့ ကျွန်တော်က ကိုဘုန်းလို့ ခေါ်တယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးကိုလည်း အားပေးကြပါလို့ ပြောချင်ပါတယ်’’ လို့လည်း သူက ဆက်လက်ပြောပြခဲ့ပါတယ်။

အုပ်စိုးခန့်ကိုတော့ အချစ်သီချင်းချိုချိုလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဆယ်ကျော်သက်လူငယ်လည်းဖြစ်သလို ရုပ်ရှည်ကလည်း ချောမောလှတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေ အများကြီး ပိုင်ဆိုင်ထားတာပါ။

ဖုန်းသီရိကျော်ကိုလည်း အဆိုတော် ဇော်ပိုင်ရဲ့ ‘’ပြည့်စုံလွန်း’’ ဆိုတဲ့ သီချင်း MTV လေးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူမဟာ အသက် ၂၁ နှစ်ကျော်သာ ရှိသေးတာဖြစ်ပါတယ်။ သူ့ကိုလည်း ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ယောကျ်ားလေး ပရိသတ်တွေရဲ့ အားပေးမှုကို အများကြီးရရှိထားသူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က