သရုပ်ဆောင်မယ်လိုဒီက အခုတလောမှာ ဖြစ်နေတဲ့ သူမရဲ့ ခံစားချက်လေးတွေကို ပရိသတ်တွေဆီ ရင်ဖွင့်ထားတာတွေ့ရပါတယ်။ အဲ့ဒါက သူမ အခုတလော အရမ်းကို လှချင်နေတယ်တဲ့။
Photo : မယ်လိုဒီ FB
သရုပ်ဆောင် မယ်လိုဒီက အခုတလောမှာ ဖြစ်နေတဲ့ သူမရဲ့ စိတ်ခံစားချက်လေးတွေကို ပရိသတ်တွေဆီ ရင်ဖွင့်ထားတာ တွေ့ရပါတယ်။လူစိတ်ဟာ အရမ်းထူးဆန်းတယ်တဲ့။ သူမအခုတလော အရမ်းကို လှချင်တယ်ဆိုပြီး ပရိသတ်တွေကို ရင်ဖွင့်ထားတာပါ။
“လူစိတ်ဟာထူးဆန်းတယ် ကျွန်မ ခုတလော အရမ်းလှချင်တယ် (အရင်ကလည်းလှချင်ပါတယ်) အဲ့တော့ ဘာဖြစ်လဲဆိုတော့ အူကြောင်ကြောင်ပေါ့ ကျွန်မ လှချင်ရင် အလကားနေရင်းချမ်းတတ်နေတာလေ အထူတွေဝတ် အထပ်တရာဝတ်မယ် သူများတွေ အိုက်နေပေမယ့် ကျွန်မအပေါ်ထပ်ဝတ်ပြီးချမ်းနေတယ် စတိုင်လ်လဲ မမိုက်ဘူး ဖက်ရှင်လဲမလန်းဘူး တောဂေါ်လီဘဲပြောပြော ဖက်ရှင်ကအောက်တယ်ပြောပြော ဟာ အဂွမ်းလို့ဘဲပြောပြော အပြင်မှာနေပြင်းနေတယ် ကျွန်မလည်းချမ်းနေတယ် ကျွန်မခုတလော အရမ်းလှချင်နေလို့ ချမ်း ခွင့်ပေးကြပါ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ကနေ ဇန်နဝါရီ(၂၀) ရက်နေ့က ပြောပြထားတာပါ။ ပရိသတ်တွေကလည်း သူမပြောထားတဲ့ စာလေးကို ဖတ်ပြီး အချစ်တွေ ပိုနေကြပါတယ်။
မယ်လိုဒီဟာ ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပါ။ သူချစ်ရတဲ့ ခင်ပွန်းကတော့ စီးပွားရေးသမားတစ်ယောက် ဖြစ်ပါတယ်။ သူချစ်ရတဲ့ သားလေး သိဒ္ဓိစစ်ကတော့ ကျောင်းတက်နေတဲ့အရွယ်ဖြစ်ပြီး ပရိသတ်များစွာတို့ရဲ့ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ထားတဲ့ ကလေးလေးပါ။
သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မကြာခဏ တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်ကို ချစ်ကြပါတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ခံရိုက်ကူးနေတယ်လို့ သိရပါတယ်။