နောက်ထပ် ဝါသနာတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

ဝါရွှေနွယ်သွေးဝင်းကတော့ အကယ်ဒမီ ဝါဝါဝင်းရွှေရဲ့ မြေးဖြစ်ပါတယ်။ ပရိသတ်အားပေးမှုများစွာတို့ကို ရုတ်တရက် ပိုင်ဆိုင်ခွင့်ရခဲ့တာကြောင့်လည်း စိတ်လှုပ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

အကယ်ဒမီများရှင် ဝါဝါဝင်းရွှေရဲ့ မြေးလေး ဝါရွှေနွယ်သွေးဝင်း ကတော့ အခုဆိုရင် ချစ်ရတဲ့ ပရိသတ်များစွာတို့ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူဟာ အဘွားဖြစ်သူအတွက် အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားချင်တယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။



“သမီးကတော့ ဘွားဘွားအတွက်ရော၊ ကိုယ့်ဘာသာကိုယ်အတွက်ရော မင်းသမီးကောင်းကောင်း တစ်ယောက်ဖြစ်ချင်တယ်။ ကျောင်းမှာလည်း သူငယ်ချင်းတွေက Cele ဆိုပြီးလိုက်ခေါ်နေကြတာ ကိုယ်ကလည်း မဟုတ်ပါဘူးလို့ ပြန်ဖြေရတယ်။ ညီမလေးကတော့ သမီးထက်ပိုသွက်တယ်။ ကိုယ်ကတော့ ဝါသနာပါတာက စာအုပ်တွေဖတ်တယ်၊ စာရေးတာတွေ ဝါသနာပါတယ်” လို့ သူကပြောပါတယ်။


သူမဟာ ရုတ်တရက်အနေနဲ့ ပရိသတ်အများကြီးရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့တာကြောင့် အရမ်းပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ သမီးတို့ နှစ်ယောက်စလုံးလည်း မထင်လိုက်ဘူး။ ညဘက်အိပ်နေပြီး မနက်မိုးလင်းလာတော့ Follower တွေ အရမ်းတက်လာတော့ တော်တော်လန့်သွားတယ်။ တော်တော်လည်း စိတ်လှုပ်ရှားမိတယ်။ အခုဆို ပရိသတ်တွေလည်း ကြည့်နေကြပြီဆိုတော့ အနေအထိုင်ဆင်ခြင်ရမယ်” လို့ ဆိုပါတယ်။

Photo: Alice Win

ဝါရွှေနွယ်သွေးဝင်းဟာ စာရေး၊ စာဖတ်ရတာ ဝါသနာကြီးသူ ဖြစ်တာကြောင့် ကိုယ်တိုင်ရေးထားတဲ့ စာအုပ်လေး တစ်အုပ်တော့ ထုတ်ဖူးချင်တယ်လို့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။

“ ကိုယ်က စာရေးတာ ဝါသနာပါတဲ့သူဆိုတော့ ကြီးလာရင် စာအုပ်တစ်အုပ်တော့ ထုတ်ချင်ပါတယ်။ အချစ်အကြောင်းတွေတော့ နားမလည်ပါဘူး။ ငယ်ငယ်တုန်းကတော့ အချစ်ဇာတ်ကားတွေ ကြည့်တယ်။ နှလုံးခုန်ရလောက်တဲ့ စာလေးတွေတော့ ရေးချင်တာ ရှိပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်က ရှင်ဥပဂုတ္တ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ဝါရွှေနွယ်သွေးဝင်း ကတော့ နာမည်ကျော်ဒါရိုက်တာကြီး ဦးသန်းထွဋ်(ကွယ်လွန်) နှင့် အကယ်ဒမီများရှင် ဝါဝါဝင်းရွှေတို့ရဲ့ သားကြီး ဒါရိုက်တာ ဝင်းထွဋ်ဝင်းက မွေးဖွားလိုက်တဲ့ သမီးကြီးဖြစ်ပါတယ်။ အနုပညာမျိုးရိုးက ဆင်းသက်လာသူလေး ဆိုရင်လည်း မမှားပါဘူး။ အခုဆိုရင်တော့ ဝါရွှေနွယ်သွေးဝင်းကို ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာကို တွေ့ရပါတယ်။ သူမဟာ ရှင်ဥပဂုတ္တရဟန္တာမြတ်ကြီး ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း သရုပ်ဆောင် လီလီကျော်ခိုင်ရဲ့ ငယ်ဘဝ ကလေးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က