အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးက ညာခြေနဲ့ အွန်းဂျေးဂိုးသမား ဘာနာဒိုနီ ဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ဗုဒ္ဓဟူးနေ့က အွန်းဂျေးကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ကလပ်အသင်းပြိုင်ပွဲကို ပြန်လည်ပါဝင်ကစားပေးခဲ့ပြီး အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အွန်းဂျေးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး မက်ဆီရဲ့ ၇၂ မိနစ် သွင်းဂိုးဟာ အလွန်လှပတဲ့ သွင်းဂိုး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားကြယ်ပွင့်ဟာ ဆာဂျီယို ရာမို့စ်ဆီကနေ ပေးပို့မှုကို လက်ခံရယူပြီးနောက် စတင် ရွေ့လျားခဲ့တာဖြစ်ပြီး နော်ဒီ မူခေလေက လီယွန်နယ် မက်ဆီကို မျှောထိုးပေးခဲ့ရာမှာ အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးက ညာခြေနဲ့ အွန်းဂျေးဂိုးသမား ဘာနာဒိုနီ ဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။



ပီအက်စ်ဂျီရဲ့သွင်းဂိုးဟာ အစပိုင်းတုန်းက လူကျွံနေခဲ့ပုံပေါ်ခဲ့ပေမယ့်လည်း VAR က ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ဘလွန်ဒေါ ၇ ဆုရှင်ရဲ့ ဂိုးကန်သွင်းမှုက လူကျွံခဲ့ခြင်းမရှိဘူးလို့ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဟူဂို အက်ခီတိုက်ခ်က ပထမပိုင်း ၅ မိနစ်မှာပဲ ပီအက်စ်ဂျီအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး မူခေလေက အဲဒီသွင်းဂိုးကိုလည်း ဂိုးဖန်တိးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။



အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ အက်ခီတိုက်ခ်ဟာ အမ်ဘာပေမပါဝင်နိုင်ချိန်မှာ ရှားရှားပါးပါး ပွဲထွက်ခွင့်ကို ရရှိခဲ့တာဖြစ်ပြီး လူငယ်တိုက်စစ်မှူးက အဲဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတိုဖီ ဂဲလ်တီယာရဲ့အသင်းဟာ ပွဲကစားချိန်အများစုမှာ ကစားပုံက ပြတ်သားမှု မရှိခဲ့ပေမယ့်လည်း လီယွန်နယ် မက်ဆီလိုမျိုး ကြယ်ပွင့်ကစားသမားရှိနေတာကြောင့် နိုင်ပွဲအတွက် စိုးရိမ်စရာ မရှိခဲ့တာ ဖြစ်ပါတယ်။



၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံရဲ့ မှော်ဆန်တဲ့ အခိုက်အတန့်ဟာ ပီအက်စ်ဂျီအသင်းကို သက်တောင့်သက်သာနိုင်ပွဲရရှိစေဖို့အတွက် လုံလောက်ခဲ့ပြီး ဂဲလ်တီယာရဲ့အသင်းဟာ အွန်းဂျေးကို အနိုင်ရရှိခဲ့တာကြောင့် လီဂူးဝမ်းအမှတ်ပေးဇယားထိပ်ဆုံးမှာ ၆ မှတ်အသာနဲ့ ဆက်လက်ဦးဆာင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်တွေဟာ လီယွန်နယ် မက်ဆီ ပြန်လည်ပါဝင်ကစားပေးပြီး ချက်ချင်းပဲ ဂိုးသွင်းယူပေးနိုင်ခဲ့တာကို မြင်တွေ့ရလို့ ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြပြီး ပရိသတ်အချို့ဟာ အာဂျင်တီးနားကြယ်ပွင့်ဟာ ဘလွန်ဒေါဆုကို အနှေးနဲ့အမြန် ၈ ကြိမ်မြောက် ရရှိတော့မယ်လို့ ပြောဆိုခဲ့ကြပါတယ်။

အွန်းဂျေးနဲ့ပွဲစဉ်က သွင်းဂိုးဟာ လီယွန်နယ် မက်ဆီရဲ့ ညာခြေနဲ့ သွင်းယူခဲ့တဲ့ ဂိုး ၁၀၀ ပြည့်မြောက်တဲ့ဂိုးဖြစ်ခဲ့ပြီး အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ပြက္ခဒိန်နှစ်တိုင်းမှာ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။ "ဘုရင်ကြီးက ဒါကို လုပ်နိုင်မယ်ဆိုတာ ငါ သိပြီးသား။ GOAT"လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး "လီယို မက်ဆီ ၂၀၂၂-၂၀၂၃ ရာသီ အခုအချိန်အထိ ပွဲ ၃၀၊ ၂၅ ဂိုး၊ ဂိုးဖန်တီးမှု ၁၈ ကြိမ်၊ ကမ္ဘာ့ဖလား၊ ပြင်သစ်စူပါဖလား၊ ကမ္ဘာ့ဖလားရဲ့အကောင်းဆုံးကစားသမားဆု ဘလွန်ဒေါဆုပေးပွဲက စောစောကို မရောက်နိုင်ဘူး"လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က