ဒဏ်ရာကြောင့် အနားယူနေရတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကတော့ တညတည်းနဲ့ ယူရို ၁ သန်းရှုံးအောင် ကာစီနိုဆော့ပြပြီး ပရိသတ်တွေကို သူ့ စကေးလ်တွေပြသွားခဲ့ပါတယ်။ နေမာဟာ Streaming တခုကို ပြုလုပ်ခဲ့ပြီး ပရိသတ်တွေကို အွန်လိုင်းကတဆင့် ပိုကာကစားပြခဲ့တာလည်းဖြစ်ပါတယ်။
ရာသီကုန်လောက်အထိ အနားယူရမယ့် နေမာက ယူရို ၁ သန်းအထိ ငွေထည့်ခဲ့ပြီး အဆိုပါငွေအားလုံးက ၁ နာရီအတွင်းမှာပဲ အကုန်ကုန်သွားခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာတော့ နေမာက ပိုက်ဆံတွေရှုံးသွားလို့ ငိုကြွေးနေတဲ့ပုံလုပ်ပြီး ပရိသတ်တွေကို စနောက်ခဲ့ကာ သူရဲ့ ဒီကစားခဲ့ပုံကိုလည်း YouTube မှာ တင်သွားမယ်လို့ ဆိုပါတယ်။
နေမာအတွက်တော့ ယူရို ၁ သန်းက ပြောပလောက်တဲ့ ပမာဏမဟုတ်ပါဘူး။ ပီအက်စ်ဂျီမှာ သူရရှိနေတဲ့ တလတာလုပ်ခလစာလောက်တောင် မရှိတာဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေအတွက်ဆိုရင်တော့ ဒီငွေပမာဏက အရမ်းများပြားလွန်းပြီး နေမာကိုယ်စား နှမျောနေတဲ့သူတွေတောင်မှ ရှိနေပါတယ်။
ဘရာဇီးလ်သားကတော့ ယူရို ၁ သန်းအတွက် မှုဟန်တောင်မရှိခဲ့ဘဲ စနောက်တာတွေတောင် လုပ်ခဲ့တာပါ။ နေမာဟာ ဒဏ်ရာမရခင်တုန်းကလည်း ကာစီနိုတခုမှာ ဆော့ကစားခဲ့ပါသေးတယ်။ အခုကတော့ ပရိသတ်တွေကို ဆော့ပြခဲ့တာဖြစ်ပြီး အနားယူနေရချိန်မှာ အချိန်ဖြုန်းခဲ့ဟန်ရှိပါတယ်။