ဘန်ဇီမာက အနာဂတ်နဲ့ပတ်သက်လို့ ပြောကြားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာက မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ မာကာသတင်းစာရဲ့ ဆုပေးပွဲမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ အဆိုပါ ပြင်သစ်လက်ရွေးစင်ဟောင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ ဆော်ဒီအာရေဗျကို ပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။



ကစားသမားကိုယ်တိုင်က ‌ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ဖို့၊ အယ်လ်တီဟတ်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ပြီး ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာကြောင်း ကြေညာတော့မယ်လို့ သတင်းတွေက အခိုင်အမာဖော်ပြခဲ့ပါတယ်။ အသင်းအနေနဲ့လည်း ဒီတစ်ပတ် ကစားမယ့် လာလီဂါနောက်ဆုံးပွဲမှာ ဘန်ဇီမာကို နှုတ်ဆက်ဂုဏ်ပြုသွားမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် မနေ့ညက မာကာသတင်းစာရဲ့ ဆုပေးပွဲအခမ်းအနားမှာ ဘန်ဇီမာရဲ့ ပြောစကားတွေက ဒီသတင်းတွေကို ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။ ဘန်ဇီမာက “ခင်ဗျားတို့ ဘာအကြောင်းတွေ ပြောနေတာလဲ? ကျွန်တော် ရီးရဲလ်မက်ဒရစ်မှာ ဆက်ရှိ၊ မရှိဆိုတဲ့ အနာဂတ်အကြောင်းလား? လူတွေက ဒီအကြောင်းတွေကို အင်တာနက်ပေါ်မှာ ပြောနေကြတာပါ”

“တကယ့်လက်တွေ့က အင်တာနက်ပေါ်မှာ မရှိပါဘူး။ အခု ကျွန်တော် ရီးရဲလ်မက်ဒရစ်မှာ ဆက်ရှိနေပြီး လာမယ့် တနင်္ဂနွေနေ့မှာ ပွဲကစားရပါဦးမယ်။ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေ ကျွန်တော့်ကို ဘယ်လောက်ချစ်လဲ ကျွန်တော် သိပါတယ်။ ကွင်းထဲမှာ ကစားတိုင်း ဒါကို ကျွန်တော် ခံစားမိပါတယ်။ သူတို့အတွက် ကျွန်တော် အမြဲတမ်း အကောင်းဆုံးတွေ ပေးသွားမှာပါ”

“ကျွန်တော်တို့က ကွင်းထဲမှာ (၁၁) ယောက်ချင်း ကစားရတယ်ဆိုပေမယ့် ကျွန်တော်တို့မှာက ရီးရဲလ်မက်ဒရစ် ပရိသတ်တွေရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဘန်ဇီမာက ဒီလိုပြောခဲ့ပေမယ့် အချို့ကတော့ ဒီအပေါ်မှာ ယုံကြည်နိုင်ခြင်းမရှိသေးဘဲ ဘန်ဇီမာအနေနဲ့ အသင်းကနေ ထွက်ခွာမယ်လို့ တာဝန်ရှိသူတွေကို အသိပေးခဲ့ပြီးဖြစ်ကြောင်း အခိုင်အမာ ယုံကြည်နေပါတယ်။ 

Share

Loading Next Article...
က္က