ကစားသမားသစ်နဲ့ပတ်သက်လို့ အာဆင်နယ်ပရိသတ်တွေ သဘောကျနေတာပါ။

အာဆင်နယ်ဟာ ပေါ်တိုကွင်းလယ်လူ ဖေဘီယိုဗီအဲရာကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီကစားသမားအတွက် အာဆင်နယ်တို့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀) နဲ့ အပိုဆုကြေး ယူရို (၅) သန်းအသုံးပြုရမှာပါ။ အာဆင်နယ်ဟာ လက်စတာကွင်းလယ်လူ တိုင်လီမန့်စ်နဲ့ မန်စီးတီးတိုက်စစ်မှူး ဂျေးဆုတို့ကို ခေါ်ယူဖို့ကိုလည်း ဆက်လက်ကြိုးစားနေပါတယ်။



အသက် (၂၂) နှစ်အရွယ် ဒီကစားသမားဟာ အာဆင်နယ်နဲ့ ဆေးစစ်မှုခံယူနေပြီး (၅) နှစ် စာချုပ်ချုပ်ဆိုသွားမှာပါ။ အာဆင်နယ်ပရိသတ်တွေကတော့ ဒီကစားသမားလေးနဲ့ပတ်သက်လို့ အခုတည်းက စိတ်လှုပ်ရှားနေပြီလို့ တွစ်တာပေါ်မှာ အမျိုးမျိုး သုံးသပ်နေကြပါတယ်။ ဗီအဲရာဟာ လက်ရှိနွေရာသီမှာ မာကွင်ဟိုစ်နောက်ပိုင်း အာဆင်နယ်ရဲ့ ဒုတိယမြောက် ကစားသမားခေါ်ယူမှုဖြစ်ခဲ့ပါတယ်။

ဗီအဲရာနဲ့ပတ်သက်လို့ အာဆင်နယ်ပရိသတ်တွေက ကစားသမားဟောင်း ကာဇိုလာကို ပြန်လည်အမှတ်ရမိတယ်လို့လည်း ဆိုနေကြပါတယ်။ ကာဇိုလာဟာ အာဆင်နယ်ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဖြစ်ခဲ့ပြီး အခု ဗီအဲရာရဲ့ ကစားပုံကလည်း ကာဇိုလာနဲ့ ဆင်တူတယ်လို့ အာဆင်နယ်ပရိသတ်တွေက ချီးကျူးနေကြတာပါ။



အာဆင်နယ်ပရိသတ်တယောက်က “လွန်ခဲ့တဲ့ (၂) မိနစ်ကတင် ကျနော်ကတော့ ဖေဘီယိုဗီအဲရာရဲ့ အကြီး အကြီး အကြီး အကြီးမားဆုံးသော ပရိသတ်တယောက်ဖြစ်သွားပါပြီ” လို့ မှတ်ချက်ပေးထားပါတယ်။ ဒီဗီဒီယိုထဲမှာ ဗီအဲရာရဲ့ ထိပ်တန်းအဆင့်ရှိတဲ့ ဘောလုံးပေးပို့မှု၊ နေရာယူလှုပ်ရှားပုံတွေကို ပြန်လည်ပြသထားပြီး အာဆင်နယ်ပရိသတ်တွေကတော့ သူတို့ရဲ့ ကစားသမားသစ်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေကြပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က