ခြေစွမ်းပြလာတဲ့ မာတီနယ်လီကို ဂျိုကိုးလ်က ချီးကျူးခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ ကစားသမားဟောင်း ဂျိုကိုးလ်က အာဆင်နယ်အတွက် နောက်ပိုင်းမှာ ခြေစွမ်းပြလာတဲ့ တိုက်စစ်ကစားသမား မာတီနယ်လီကို အွန်နရီနဲ့ နှိုင်းယှဥ်ချီးကျူးခဲ့ပါတယ်။ မာတီနယ်လီဟာ မနေ့ညက ဝက်စ်ဟမ်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာပါ။



မာတီနယ်လီ သွင်းယူခဲ့တဲ့ဂိုးမှာ အကွက်မြင်မှု၊ ချိန်သားကိုက်ပြေးထွက်နိုင်မှု၊ အဆုံးသတ်သေချာမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဂိုးနဲ့ ပတ်သက်လို့ ဂျိုကိုးလ်က “နောက်ခံလူတွေအတွက်လား? ဘာအခွင့်အရေးမှမရှိပါဘူး”

“မာတီနယ်လီရဲ့ အဆုံးသတ်က တကယ်ကို မယုံနိုင်အောင် ကောင်းမွန်ခဲ့တာပါ။ ဒီဂိုးကို မြင်ရတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က ကျောနံပါတ် (၁၄) ကိုတောင် သွားသတိရပါတယ်။ (အွန်နရီကို ရည်ရွယ်သည်)။ တကယ့်ကို ထိပ်တန်းအဆင့်ရှိတဲ့ အဆုံးသတ်ပါ”

“လာကာဇက်ကတော့ ပျော်နေမှာပဲ။ သူ့စိတ်ထဲမှာ ငါ့ကို ဘောလုံးများများပေး၊ ဒီကောင်လေးတွေ ငါ့ပတ်လည်မှာ ပြေးလွှားနေကြတယ်လို့လည်း တွေးနေဦးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အသက် (၂၀) အရွယ် မာတီနယ်လီဟာ ဒီရာသီအစပိုင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပေမယ့် အခု ပါဝင်ကစားခွင့်ရချိန်တိုင်း ခြေစွမ်းပြနေတာပါ။

မာတီနယ်လီ ဂိုးသွင်းသွားတဲ့ဟန်ပန်က အွန်နရီ ဂိုးသွင်းခဲ့ဖူးတဲ့ ဟန်ပန်အတိုင်း တထပ်တည်းကျနေတယ်လို့ ပွဲအပြီးမှာတင် ပရိသတ်တွေက ချီးကျူးခဲ့ပါတယ်။ အွန်နရီဟာ အာဆင်နယ် ဂန္တဝင်ကစားသမားဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း (၃၇၆) ပွဲကစား၊ (၂၂၈) ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားကြီးဖြစ်ပါတယ်။ 

Share

က္က