ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ပွဲချိန်နာရီဝက်အတွင်းမှာပဲ ဟက်ထရစ်ရရှိခဲ့ကာ ဒုတိယပိုင်းမှာ နောက်တစ်ဂိုးထပ်သွင်းပြီး ပြင်သစ်အတွက် ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်းလေးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ကာဇက်စတန်ကို ၈-၀ နဲ့ ပြင်သစ်ကဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ရာမှာ ဘတ်ပီက တစ်ဦးတည်းလေးဂိုးသွင်းယူပြီး ခြေစွမ်းပြသွားခဲ့ပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ပွဲချိန်နာရီဝက်အတွင်းမှာပဲ ဟက်ထရစ်ရရှိခဲ့ကာ ဒုတိယပိုင်းမှာ နောက်တစ်ဂိုးထပ်သွင်းပြီး ပြင်သစ်အတွက် ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်းလေးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဥရောပအသင်းငယ်လေး ကာဇက်စတန်ကတော့ တိုက်စစ်ပိုင်းမှာ လူစုံတက်စုံနဲ့ ပွဲထုတ်လာခဲ့တဲ့ ပြင်သစ်ကို လုံး၀ယှဉ်ကစားနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ဂိုးတွေဆက်တိုက်ခွင့်ပြုခဲ့ရပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘတ်ပီကတော့ ပြင်သစ်အတွက် ၅၂ ပွဲကစားပေးအပြီးမှာပဲ သွင်းဂိုး ၂၃ ဂိုးအထိ ရရှိထားခဲ့ပြီဖြစ်ကာ တိုက်စစ်မှူးဟောင်းဝီးလ်တော့နဲ့ ၃ ဂိုးသာ ကွာဟတော့တာဖြစ်ပါတယ်။
လက်ရှိပွဲအရေအတွက်မှာ သွင်းယူထားတဲ့ သွင်းဂိုးအနေအထားကို ထိန်းထားနိုင်မယ်ဆိုရင်တော့ အွန်နရီရဲ့ ၅၁ ဂိုးသွင်းယူပြီး ဂီုးအများဆုံးကစားသမားစံချိန်ကို လိုက်မီနိုင်မှာဖြစ်ပါတယ်။