မက်ဂွိုင်းယားကို ရွေးချယ်မှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့တာပါ။

လက်စတာကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပေမယ့် အသင်းနဲ့အတူ တစ်ကြိမ်တည်းသာ လေ့ကျင့်ရသေးတဲ့ မက်ဂွိုင်းယားကို ဆိုးလ်ရှားက ဝင်ရောက်ကစားစေဖို့ ဆုံးဖြတ်မှုနဲ့ပတ်သက်ပြီး ဘိုင်ယီက တုံ့ပြန်ခဲ့တာလို့ ဆိုပါတယ်။


ယူနိုက်တက်နောက်ခံလူတစ်ဦးဖြစ်တဲ့ အဲရစ်ဘိုင်ယီဟာ နည်းပြဆိုးလ်ရှားကို မျက်နှာချင်းဆိုင်စိန်ခေါ်မှုတွေပြုလုပ်ခဲ့တယ်လို့ The Telegraph က ဖော်ပြလိုက်ပါတယ်။ လက်စတာကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပေမယ့် အသင်းနဲ့အတူ တစ်ကြိမ်တည်းသာ လေ့ကျင့်ရသေးတဲ့ မက်ဂွိုင်းယားကို ဆိုးလ်ရှားက ဝင်ရောက်ကစားစေဖို့ ဆုံးဖြတ်မှုနဲ့ပတ်သက်ပြီး ဘိုင်ယီက တုံ့ပြန်ခဲ့တာလို့ ဆိုပါတယ်။



ဘိုင်ယီကတော့ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေသူဖြစ်ကာ ဗာရန်းနဲ့ မက်ဂွိုင်းယားအတွဲကို ဆိုးလ်ရှားက ဦးစားပေးနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါကစားသမားနှစ်ဦးစလုံး ဒဏ်ရာရရှိနေချိန်မှာ ဘိုင်ယီက အခွင့်အရေးရမယ်လို့ ထင်ခဲ့ရပေမယ့်လည်း ဆိုးလ်ရှားက ကြံ့ခိုင်မှုမပြည့်ဝသေးတဲ့ မက်ဂွိုင်းယားကို ရွေးချယ်ခဲ့ချိန်မှာတော့ ဘိုင်ယီတစ်ယောက် ဒေါသူပုန်ထခဲ့ဖွယ်ရှိပါတယ်။ 

"အသင်းအတွက် ကစားဖို့ အသင့်မဖြစ်သေးတဲ့ မက်ဂွိုင်းယားကို ဘာလို့ရွေးချယ်ခဲ့တာလဲ" လို့ ဘိုင်ယီက ဆိုးလ်ရှားကို မျက်နှာချင်းဆိုင်မေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါဟာ ယူနိုက်တက်အဝတ်လဲခန်းအတွင်း အဆင်မပြေမှုတွေရှိနေတယ်ဆိုတာကို မီးမောင်းထိုးပြခဲ့တာဖြစ်ပြီး ဒီလိုရွေးချယ်ခဲ့မှုရဲ့ နောက်ဆက်တွဲအဖြစ် လက်စတာနဲ့ပွဲမှာ မက်ဂွိုင်းယားက အမှားအယွင်းတွေပြုလုပ်ခဲ့ကာ အသင်းလည်း ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်
။


ဘိုင်ယီဟာ အရေးမကြီးတဲ့ပွဲစဉ်တွေမှာသာ ဝင်ရောက်ကစားပေးနေရသူဖြစ်ပြီး ဒီရာသီပရီးမီးယားလိဂ်မှာ တစ်ပွဲတောင်ကစားပေးရခြင်းမရှိသူဖြစ်ပါတယ်။ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယားနဲ့ ဗာရန်းတို့ကိုသာ ဆိုးလ်ရှားက လှည့်ပတ်အသုံးပြုနေခဲ့ပြီး အိုင်ဗရီကို့စ်နောက်ခံလူဟာ အရန်ခုံမှာသာ အချိန်ကုန်နေခဲ့ရပြီး အခွင့်အရေးရချိန်မှာလည်း မကစားခဲ့ရလို့ ဆိုးလ်ရှားကို မျက်နှာချင်းဆိုင်မေးခွန်းထုတ်ခဲ့ကာ စိန်ခေါ်ခဲ့ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က