လင်ဂတ်နဲ့စကားပြောထားတယ်လို့ ပေါလ်စခိုးလ်ကဆိုပါတယ်။

ယူနိုက်တက်ဂန္တဝင်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က သူ့အနေနဲ့ လင်ဂတ်နဲ့ စကားပြောပြီးနောက် ယူနိုက်တက် အဝတ်လဲခန်းထဲမှာ ပြဿနာတွေ တသီတတန်းကြီးဖြစ်နေတာကို သိလိုက်တယ်လို့ ဆိုပါတယ်။ ယူနိုက်တက်ဟာ ဒီကနေ့ အစောပိုင်းမှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့အဝေးကွင်းပွဲမှာ ၃-၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။



ဒီပွဲမှာ ယူနိုက်တက် နောက်တန်းက အမှားအယွင်းတွေ ပြုလုပ်နေကျ မက်ဂွိုင်းရားမပါဝင်ခဲ့ပေမယ့် ခံစစ်တန်းအမှားတွေက ကျူးလွန်ဆဲဖြစ်ပြီး အဝေးကွင်းမှာ (၃) ဂိုးပေးပြီး ရှုံးနိမ့်ခဲ့ရတာပါ။ ဒီပွဲအပြီးမှာလည်း နည်းပြရန်းနစ်ဂ်ကို ဒီအကြောင်းမေးခဲ့ပေမယ့် ရန်းနစ်ဂ်ကတော့ လင်ဂတ်ကိုသာ သွားမေးဖို့ ဖြေကြားသွားပါတယ်။

အာဆင်နယ်နဲ့ပွဲမစခင်မှာ ပေါလ်စခိုးလ်က “ယူနိုက်တက် အဝတ်လဲခန်းအတွင်း ပြဿနာတွေ၊ ဒုက္ခတွေ တသီတတန်းကြီးရှိနေပါတယ်။ ကျနော် အရင်နေ့က လင်ဂတ်နဲ့ စကားခဏပြောခဲ့ပါတယ်။ ကျနော် ဒီလိုပြောလို့ သူစိတ်မဆိုးဘူးဆိုတာတော့ သေချာပါတယ်။ ဒါပေမယ့် အဝတ်လဲခန်းက တကယ်ကို ဒုက္ခရောက်နေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ရန်းနစ်ဂ်ကို မေးမြန်းချိန်မှာလည်း ရန်းနစ်ဂ်က “ကျနော် မသိပါဘူး။ ခင်ဗျားတို့ လင်ဂတ်ကိုပဲ သွားမေးလိုက်ပေါ့။ သေချာတာကတော့ ဒီနေ့လိုပွဲမျိုးအပြီး အဝတ်လဲခန်းထဲမှာ တော်တော်လေး ကြီးမားတဲ့ စိတ်ပျက်မှုတွေရှိနေပါလိမ့်မယ်။ ကျနော့်အတွက် ဒါကပုံမှန်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ကြားရက်မှာ ကစားခဲ့တဲ့ လီဗာပူးနဲ့အဝေးကွင်းမှာလည်း ၄-၀ ဂိုး၊ အခု အာဆင်နယ်နဲ့ပွဲမှာလည်း ၃-၁ ဂိုးနဲ့ ဂိုးပြတ်တွေချည်းရှုံးနိမ့်ခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ကတော့ ပေါလ်စခိုးလ်ပြောဖူးသလို မေ့ထားလိုက်သင့်ပြီး အဆင့် (၈) နဲ့ရာသီသိမ်း၊ အဲရစ်တန်ဟက်ခ် အသင်းကို ပြုပြင်တာစောင့်ဖို့ပဲ ကျန်ပါတော့တယ်။

Share

Loading Next Article...
က္က