မနေ့ညက ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂) နောက်ဆုံးပွဲမှာတော့ အာဆင်နယ်တို့ နိုင်ပွဲရရှိခဲ့ပါတယ်။ အာဆင်နယ်ကတော့ အဝေးကွင်းမှာ လွယ်လွယ်ကူကူနဲ့ အနိုင်ရရှိခဲ့တာ မဟုတ်ဘဲ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။
အာဆင်နယ်ကတော့ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ရာသီအဖွင့် (၂) ပွဲဆက်တိုက် အနိုင်ကစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ အသင်းခေါင်းဆောင် အိုဒီဂတ်က ပွဲကစားချိန် (၅၃) မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အာဆင်နယ်တို့ ရုန်းကန်ခဲ့ရပြီး ပွဲကစားချိန် (၆၇) မိနစ်မှာ တိုမီယာဆု အချိန်ဆွဲတာအပါအဝင် နှစ်ဝါတစ်နီနဲ့ အထုတ်ခံလိုက်ရပါတယ်။ အဲ့ဒါကြောင့်လည်း အာဆင်နယ်တို့ လက်ကျန်ပွဲကစားချိန် မိနစ် (၂၀) ကျော်ကို တစ်ယောက်လျော့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမယ့် ခရစ္စတယ်ပဲလေ့စ်ကလည်း အာဆင်နယ်ဘက်ကို ချေပဂိုးပြန်လည် သွင်းယူနိုင်ခြင်းမရှိတာကြောင့် အာဆင်နယ်တို့ အဝေးကွင်းမှာ ၀-၁ ဂိုးနဲ့ အနိုင်ရရှိပြီး လိုအပ်တဲ့ အနိုင်ရလဒ်ကို ပုံဖော်နိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်မှာလည်း နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
လာမယ့်တစ်ပတ်မှာတော့ အာဆင်နယ်တို့ လန်ဒန်ကလပ်အသင်းတစ်သင်းပဲဖြစ်တဲ့ ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ယူနိုက်တက်နဲ့ အိမ်ကွင်းမှာပဲ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။