ယူနိုက်တက်က ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီသွင်းဂိုးကို ပြန်လည်ပေးခဲ့ရပြီး ပွဲပြီးဆုံးခဲ့ကာ သူတို့အတွက် ကျေနပ်သင့်တဲ့ တစ်မှတ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ယာယီနည်းပြမိုက်ကယ်ကာရစ်က စတန်းဖို့ဒ်ဘရစ်ချ်ကနေ သရေတမှတ်သာရပြီး ပြန်လာခဲ့ရတဲ့အပေါ်မှာ မကျေမနပ်ဖြစ်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။ တဖက်တဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ယူနိုက်တက်က ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီသွင်းဂိုးကို ပြန်လည်ပေးခဲ့ရပြီး ပွဲပြီးဆုံးခဲ့ကာ သူတို့အတွက် ကျေနပ်သင့်တဲ့ တစ်မှတ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ကာရစ်က "နည်းနည်းလေးတော့ ကသိကအောက်ဖြစ်နေတဲ့ခံစားမှုမျိုး ရှိနေပါတယ်၊ ပင်နယ်တီလို့မထင်ရပေမယ့် ပင်နယ်တီပေးခဲ့ရတာကလည်း စိတ်ပျက်ဖို့ကောင်းပါတယ်၊ ကိုယ်ကဦးဆောင်နေပြီးမှ အမှတ်တွေပြန်လုခံလိုက်ရတာကလည်း စိတ်ပျက်ဖို့ကောင်းပါတယ်၊ ဒီကို အနိုင်ကစားဖို့အတွက် ကျွန်တော်တို့လာခဲ့တာဖြစ်ပြီး ခက်ခဲတဲ့အနေအထားမှာ အကောင်းဆုံးကြိုးစားခဲ့ပါတယ်"
"အရမ်းကောင်းတဲ့ ချယ်လ်ဆီး၊ ရလဒ်တွေကောင်းနေတဲ့ ချယ်လ်ဆီးကို အဝေးကွင်းမှာ တနည်းမဟုတ်တနည်းနဲ့ စိတ်ဒုက္ခပေးလိုက်နိုင်တာကတော့ အပေါင်းလက္ခဏာဆန်တဲ့အချက်ပါပဲ၊ အာဆင်နယ်နဲ့ပွဲကို ကျွန်တော်ကိုင်တွယ်မှာလား၊ ရန်းဂ်နစ်ခ်ကိုင်တွယ်မှာလားဆိုတဲ့သတင်းနဲ့တော့ ပြောစရာဘာမှမရှိပါဘူး၊ ဒီပွဲကိုပဲ အာရုံစိုက်ထားတာပါ၊ ဘာတွေဖြစ်လာမလဲဆိုတာ နောက်ရက်အနည်းငယ်မှာ သိရမှာပါ" လို့ ပြောဆိုခဲ့ကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။
ဒီပွဲကိုအရေးမနိမ့်ခဲ့တာကြောင့် ယူနိုက်တက်ဟာ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၈ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ပါဘူး။ ဆာရီ၊ လမ်းပတ်နဲ့ တူချယ်လ်တို့ ၃ဦးလက်ထက်မှာ ချယ်လ်ဆီးက ယူနိုက်တက်ကို အမှတ်ပေးပွဲတွေမှာ အနိုင်မရခဲ့တာလည်းဖြစ်ပါတယ်။