လေးဂိုးပြတ်ရှုံးခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ အိမ်ရှင် ခရစ္စတယ်ပဲလေ့စ်က ယူနိုက်တက်ကို အိမ်ကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက်ကတော့ နောက်ထပ် စိတ်ပျက်စရာ ပွဲတစ်ပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။



နောက်တန်းမှာ မက်ဂွိုင်းရား နာသွားတာကြောင့် ကက်စ်မဲရိုးနဲ့ အီဗန်စ် တွဲဖက် ပွဲထွက်ခဲ့ရပြီး ကက်စ်မဲရိုးက အသင်းပေးခဲ့ရတဲ့ဂိုးတွေအတွက် တရားခံဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် မပါဝင်နိုင်တာကြောင့်လည်း တိုက်စစ်ပိုင်းက ဘာမှလုပ်မရဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာတင် အိုလစ်၊ မာတေတာတို့ရဲ့ ဂိုးတွေနဲ့ နှစ်ဂိုးပြတ် ဦးဆောင်ထားတဲ့ ခရစ္စတယ်ပဲလေ့စ်က ဒုတိယပိုင်းမှာလည်း မစ်ချဲလ်၊ အိုလစ်တို့ရဲ့ နောက်ထပ်သွင်းဂိုးတွေကြောင့် အခုလိုပဲ အိမ်ကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။ ဗဟိုနောက်ခံလူနေရာက ကက်စ်မဲရိုးရဲ့ နေရာပုံတွေ၊ ပြေးအား၊ လိုက်အားတွေကလည်း ဆိုးရွားခဲ့ပါတယ်။

ယူနိုက်တက်အတွက် ဒီရှုံးပွဲက ဒီရာသီ ပရီးမီးယားလိဂ်မှာ (၁၃) ပွဲမြောက် ရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဒါဟာ (၁၉၇၇-၇၈) နောက်ပိုင်း ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း ရှုံးပွဲအများဆုံး ကြုံတွေ့ခဲ့ရတဲ့ ရာသီလည်း ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီရှုံးပွဲကြောင့် ယူနိုက်တက်ဟာ အဆင့် (၈) နေရာကို ရောက်ရှိသွားခဲ့ပြီး ချဲလ်ဆီးနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် ချဲလ်ဆီးအောက်ကို ရောက်သွားခဲ့ရပါတယ်။ ဥရောပဝင်ခွင့်အတွက်လည်း စိုးရိမ်စရာအနေအထားကို ရောက်ရှိသွားပြီး တန်ဟက်ခ်ရဲ့ အနာဂတ်အတွက် စိုးရိမ်စရာကောင်းလာခဲ့ပါပြီ။

Share

Loading Next Article...
က္က