ရှကီရာနဲ့ပီကေးတို့ ကွဲမယ်ကွာမယ်ဖြစ်နေကြတာပါ။

ပီကေးနဲ့ရှကီရာတို့ရဲ့ ချစ်ဇာတ်လမ်းက အဆုံးသတ်ဖို့ တော်တော်လေး နီးစပ်တဲ့ အနေအထားကို ရောက်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ (၂၀၁၀) တောင်အာဖရိက ကမ္ဘာ့ဖလားကစလို့ သူတို့နှစ်ယောက်ကြား ချစ်ကြိုးသွယ်ခဲ့တာ အခုဆိုရင် ဆယ်စုနှစ်တခုကျော်ခဲ့ပါပြီ။



ဒါပေမယ့်လည်း အခုချိန်မှာတော့ ပီကေးက အိမ်ပြန်မအိပ်တော့ဘဲ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကလည်း အခြားမိန်းကလေးနဲ့ ပီကေးဖောက်ပြန်နေတာကို ရှကီရာ လက်ပူးလက်ကြပ်မိခဲ့တာကြောင့်လို့ သတင်းရင်းမြစ်တွေက ဖော်ပြနေပါတယ်။ ပီကေးဟာ ဘာစီလိုနာမှာရှိတဲ့ နေအိမ်တလုံးမှာ ဝင်လိုက်ထွက်လိုက်ရှိနေပြီး ဘာစီလိုနာ အသင်းဖော် ရစ်ကီပွတ်ဂ်အပါအဝင် အခြားသော သူငယ်ချင်းတွေနဲ့ ပျော်ပါးနေတယ်လို့ သိရှိရပါတယ်။

ရှကီရာနဲ့ အိမ်ခွဲနေတဲ့အခိုက်အတန့်မှာ ပီကေးတယောက် တော်တော်လေး အပျော်အပါးလိုက်စားနေတာကို မြင်တွေ့နေရပြီး ဘာစီလိုနာမြို့ထဲမှာ ညလုံးပေါက်ပျော်ပါးလေ့ရှိတယ်လို့ သိရှိရပါတယ်။ ပါတီပေးတဲ့အခါမှာ ပီကေးနဲ့ သူ့ရဲ့ သူငယ်ချင်းတွေအပြင် အခြားသော အမျိုးသမီးတွေလည်း ပါဝင်ပြီး ညလုံးပေါက် မနက် နှစ်နာရီ ဒါမှမဟုတ် သုံးနာရီအထိ ပျော်ပါးလေ့ရှိပါတယ်။

ပီကေးဟာ ရှကီရာဆိုရှယ်မီဒီယာလှုပ်ရှားမှုတွေကလည်း ပျောက်ဆုံးနေခဲ့တာ အတော်ကြာပြီဖြစ်ပြီး ရှကီရာရဲ့ ဆိုရှယ်မီဒီယာပုံရိပ်တွေမှာ ပီကေးကို နောက်ဆုံးမြင်တွေ့ခဲ့ရတာက ပြီးခဲ့တဲ့မတ်လအတွင်းဖြစ်ပါတယ်။ အခုလိုမျိုး နှစ်ယောက်ကြား ဆက်ဆံရေးပြိုကွဲနေတဲ့ကိစ္စနဲ့ပတ်သက်လို့ တစုံတရာအသိပေးဖြေရှင်းခြင်းတော့ မရှိသေးပါဘူး။

သူတို့နှစ်ယောက်ရဲ့ (၁၂) နှစ်တာချစ်ဇာတ်လမ်းအတွင်း ရင်သွေးနှစ်ယောက် ထွန်းကစားခဲ့ပြီး မီလန်နဲ့ဆာရှာတို့ဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် ပီကေးနဲ့ရှကီရာတို့ လက်ထပ်ပွဲကျင်းပရခြင်း မရှိသေးပါဘူး။ မကြာခင်မှာပဲ လက်ထပ်ပွဲကျင်းပဖို့ ပရိသတ်တွေမျှော်လင့်နေချိန်မှာ အခုလိုပဲ နှစ်ယောက်ကြား ဆက်ဆံရေးမှာ အက်ကြောင်းတွေထင်လာခဲ့တာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က