ပြောင်းလဲသွားတာတွေလည်းရှိတယ်။

နွေးနွေးချစ်ဖွယ်ဟာ ရင်သားခွဲစိတ်ပြုပြင်မှုတွေ လုပ်ထားတာဖြစ်တဲ့အတွက် ပြောင်းလဲသွားတဲ့အရာတွေကိုတော့ ခံစားမိလာတယ်လို့ ပြောပါတယ်။ ခွဲစိတ်ခဲ့တဲ့ အရာကလည်း ဆိုးကျိုးမရှိဘူးလို့ဆိုပါတယ်။

Photo: Nwe Nwe Chit Phwel



အဆိုတော် နွေးနွေးချစ်ဖွယ်ကတော့ ရင်သားပြုပြင်ခွဲစိတ်ထားတဲ့သူတစ်ယောက်ပါလို့ ဖွင့်ဟပြောပြလာပါတယ်။ မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက် လိုအပ်တဲ့ အလှတရားကို ပြုပြင်ရမှာဘဲ ဆိုပြီးတော့ Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ မိန်းကလေးတစ်ယောက်က နည်းနည်းလေး ပြည့်နေမှ လှတာလေ။ နွေး ဆို ပိန်တဲ့အထဲမှာပါတယ်။ ဒါပေမယ့် ပိန်တိုင်းမလှဘူး။ မိန်းကလေးတစ်ယောက်မှာ သူ့အရာနဲ့သူ ရှိသင့်တဲ့ အလှတရားက ရှိပြီးသားပဲ။ ဖြူတာ၊ မဲတာ၊ ပုတာ၊ ဝတာ လုံးဝ မဆိုင်ဘူး။ အခုခေတ်က တိုးတက်လာပြီဆိုတော့ ပြုပြင်သင့်တဲ့အရာတွေကို ပြုပြင်ပြောင်းလဲရမယ်။ အလွန်အကျွံ ဖြစ်သွားရင်တော့ ဘာမှ မကောင်းဘူး” လို့ သူကပြောပါတယ်။

Photo: Nwe Nwe Chit Phwel

ရင်သားခွဲစိတ် ပြုပြင်မှု ပြီးသွားတဲ့နောက်မှာတော့ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲ မှုတွေကို နွေးနွေးချစ်ဖွယ်က ပြောပြခဲ့ပါတယ်။ အရင်က မဝတ်ခဲ့ရတဲ့ ဖက်ရှင်လေးတွေကို ဝတ်ခွင့်ရပြီလို့လည်း သူက ပြောပါတယ်။

“ပြောင်းလဲသွားတာကတော့ ဝလာတယ်လို့ ခံစားရတယ်၊ ခန္ဓာကိုယ် ပိန်ပိန်လေးကနေပြီးတော့ ပြည့်ပြည့်လေး ဖြစ်လာတယ်လို့ ခံစားရတယ်။ အရင်တုန်းကဆိုရင် ကိုယ့်ကိုယ်ကိုယ် ဝတ်ရစားရတာ အဆင်မပြေတဲ့ ဒုက္ခတွေမရှိတော့ဘူး။ အရင်တုန်းကဆို ဒီဇိုင်နာက လှလှလေး ချုပ်ပေးပေမယ့် ကိုယ့်မှာ မဝတ်ရတာလေးတွေရှိတယ်။ အခုလုပ်ထားတာကလည်း အရမ်း အိုဗာတင်းနေတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ အရပ်အမောင်း၊ ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ဟာကိုပဲ လုပ်ထားတာ” လို့ ဆိုပါတယ်။ 

Photo: Nwe Nwe Chit Phwel

နွေးနွေးချစ်ဖွယ်ကတော့ ရင်သားခွဲစိတ်မှုလုပ်ခဲ့ပေမယ့် ဆိုးကျိုးဖြစ်သွားတာတွေ မခံစားရဘူးလို့ ဆိုပါတယ်။

“ အဓိက ကတော့ ဒီအရာကို ပြန်ထုတ်စရာမလိုဘူး။ ကံဆိုးခဲ့လို့ ယောကျ်ားရခဲ့မယ်ဆိုရင်တောင်မှ ကလေးနို့တိုက်ခွင့်ရှိတယ်။ လုံးဝ ကင်ဆာမဖြစ်ဘူး ၁၀၀ ရာခိုင်နှုန်း အာမခံပါတယ်။ ဒါပေမယ့် စာချုပ်ချုပ်ရတာလေးတွေတော့ရှိတယ်။ သူတို့ဘက်က နွေးကို စပွန်ဆာပေးထားတာဆိုရင် နွေးဘက်ကလည်း ကျေးဇူးကို သိတဲ့အနေနဲ့ လုပ်တဲ့ပွဲလေးတွေကို တက်ပေးရမယ် ဒီလောက်ပါပဲ ပေါ့ပေါ့ပါးပါးပဲ” လို့ ဆိုပါတယ်။

Photo: Nwe Nwe Chit Phwel

နွေးနွေးချစ်ဖွယ်ကိုတော့ ၂၀၀၀ ခုနှစ်ကာလ က ထွက်ရှိခဲ့တဲ့ စုံတွဲ သီချင်းအခွေတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲဒီနောက် နာမည်ကျော်လူရွှင်တော် တစ်ဦးဖြစ်တဲ့ မြို့တော် ချစ်ဖွယ်ရဲ့ သမီးဖြစ်တယ်လို့ သိလိုက်ရချိန်မှာ ပရိသတ်တွေ ပိုအားပေးလာကြတာ တွေ့ရပါတယ်။ အချစ်သီချင်းတော်တော်များများကိုလည်း သီဆိုခဲ့ထားတာ တွေ့ရပါတယ်။ သူမရဲ့ ဂီတ သက်တမ်းကတော့ ၁၀ စုနှစ်အကြာရှိပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က