စပါးအတွက် ခြေစွမ်းပြနေသူပါ။

ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ဘာဝိန်းကို စပါးက ခေါ်ယူခဲ့တာဖြစ်ပြီး မော်ရင်ဟိုကတော့ သူ့အတွက် ပထမရွေးချယ်မှုမဟုတ်ခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။


တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြမော်ရင်ဟိုက အသင်းအတွက်ခြေစွမ်းပြကစားပေးနေတဲ့ တောင်ပံကစားသမားဘာဝိန်းဟာ သူခေါ်ယူချင်တဲ့ ကစားသမားမဟုတ်ခဲ့ဘူးလို့ အံ့အားသင့်ဖွယ်ရာပြောဆိုလိုက်ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ဘာဝိန်းကို စပါးက ခေါ်ယူခဲ့တာဖြစ်ပြီး မော်ရင်ဟိုကတော့ သူ့အတွက် ပထမရွေးချယ်မှုမဟုတ်ခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း အသင်းအတွက် ဘာဝိန်းက ခြေစွမ်းပြခဲ့ပြီးနောက်မှာ မော်ရင်ဟိုက ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ဘာဝိန်းဟာ ယူနိုက်တက်နဲ့ပွဲမှာ အသင်းအတွက်ဦးဆောင်ဂိုးကို ရယူပေးခဲ့ပြီး စပါးအတွက် ၈ ပွဲကစားအပြီးမှာ ၃ ဂိုးသွင်းယူပေးထားနိုင်ခဲ့ကာ ခြေစွမ်းပြသခဲ့ပြီး အားထားရမယ့်ကစားသမားတစ်ဦးအဖြစ်ရှိနေခဲ့ပြီဖြစ်ပါတယ်။ 

PSV ကနေ ပေါင် ၂၆.၇ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဘာဝိန်းနဲ့ပတ်သက်ပြီး "သူက ကစားသမားကောင်းတစ်ယောက်ပါ၊ အသင်းအတွက် ကျွန်တော်ဂုဏ်ယူပါတယ်၊ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ရဲ့ ပထမဦးစားပေးရွေးချယ်မှုမဟုတ်ခဲ့လိုပါ၊ ဒါပေမယ့် အဆုံးမှာတော့ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ပါတယ်၊ သူက တောက်ပတဲ့အနာဂတ်တွေနဲ့ ကစားသမားပါ၊ ဒီအတွက် ပိုပြီးတော့ ပျော်ရွှင်ရပါတယ်" လို့ မော်ရင်ဟိုက ပြောဆိုခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ကစားရမယ့်ပွဲအတွက်လည်း အသင်းရဲ့ကစားသမားအားလုံးကို အသုံးပြုခွင့်ရတော့မှာဖြစ်လို့ မော်ရင်ဟိုက ကျေနပ်နေပါတယ်။ "သတင်းကောင်းပါပဲ၊ လူးကပ်စ်မော်ရာလည်း ပြန်လာပါပြီ၊ ဒယ်လီအလီလည်း ပွဲပယ်ခံရမှုကနေ လွတ်မြောက်ခဲ့ပြီးတော့ အသင်းမှာ ဒဏ်ရာရကစားသမားမရှိတော့ပါဘူး၊ ဘယ်ကစားသမားကိုမှ ဆုံးရှုံးရဖို့မရှိဘဲ ကစာသမားအပိုနှစ်ဦးအထိ ကျွန်တော့်အသင်းမှာ ရှိနေပါပြီ"

"ဒီကို စရောက်ကတညး်က တိုက်စစ်ကစားသမား ၆ ဦးကို ပထမဆုံးအကြိမ် ကျွန်တော်အသုံးပြုခွင့်ရတော့မှာပါ၊ ဒါက သတင်းကောင်းပါပဲ၊ ဘာလို့လဲဆိုတော့ အားလုံးကို ကျွန်တော်တို့ လိုအပ်နေလို့ပါ" လို့ မော်ရင်ဟိုက ထပ်မံပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ စပါးကတော့ အမှတ်ပေးဇယားအဆင့် ၈ နေရာမှာ ရပ်တည်နေပြီး ဥရောပဝင်ခွင့်ရရှိဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က