ပျောက်ဆုံးနေတာ (၁၀)ရက်ကျော်ရှိပါပြီ။

လက်ရှိအချိန်ထိလည်း မိသားစုနဲ့ အဆက်အသွယ်လုံးဝမရရှိသေးသလို ဒေါက်တာအေးဇော်ထွန်းရဲ့ ဟန်းဖုန်းနောက်ဆုံးစက်ပိတ်သွားတဲ့ နေရာကိုလည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကိုအကူအညီတောင်းခံထားရာမှာ မထူးခြားသေးပါဘူး။ 

ဒီဇင်ဘာလ(၅)ရက်နေ့ညပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ဒေါက်တာအေးဇော်ထွန်းနဲ့ သူရဲ့သား (၃)နှစ်အရွယ် ကလေးတို့် ပျောက်ဆုံးနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖုန်းတည်နေရာကို သိရဖို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကို အကူအညီတောင်းခံထားပေမယ့် တစ်ပတ်ကျော်ကြာတဲ့အထိ မထူးခြားသေးဘူးလို့သိရပါတယ်။ လက်ရှိအချိန်ထိလည်း ပျောက်ဆုံးနေတဲ့ သားအဖနှစ်ဦး သတင်းနဲ့ပတ်သက်ပြီး ဘာမှမကြားသိရသေးပါဘူး။

“ ကျွန်တော်တို့က ဆက်သွယ်ရေးဝန်ကြီးဌာနကို အကူအညီတောင်းထားတယ်ဆိုတာက ဖုန်းတည်နေရာရှာဖို့ပါ။ ပျောက်ဆုံးနေတဲ့ ဆရာဝန်ကိုင်ဆောင်တဲ့ ဟန်းဖုန်းရဲ့ နောက်ဆုံးတည်နေရာကိုရှာခိုင်းတာ။အကူညီတောင်းခံထားတာကတော့ ပျောက်ဆုံးပြီး နောက်နေ့ကတည်းက။ ခုထိတော့ ဘာမှမထူးသေးဘူး။ ကျွန်တော်တို့ကလည်း ဝန်ကြီးဌာနဲ့တိုက်ရိုက်ဆက်သွယ်ရတာမဟုတ်ဘူး၊ အဆင့်ဆင့်နဲ့ သွားထားရတာဆိုတော့ ခုထိတော့ ဘာမှမထူးသေးပါဘူး” လို့ မုပွန်မြို့နယ်စခန်းမှူးက Duwun ကိုပြောပါတယ်။

ဒေါက်တာအေးဇော်ထွန်းတို့ သားအဖနှစ်ဦး ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး မိသားစုဝင်များက ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပါသေးတယ်။ အဆိုပါသတင်းစာရှင်းလင်းပွဲမှာ လူမှုကွန်ရက်မှာ ဒေါက်တာအေးဇော်ထွန်းနဲ့ ပတ်သက်ပြီး ပျံ့နှံ့နေတဲ့ ကောလဟာလသတင်းတွေကမဟုတ်မှန်ကြောင်းနဲ့ လက်ရှိအချိန်ထိ ပျောက်ဆုံးနတဲ့သူတွေနဲ့ လုံးဝအဆက်သွယ်မရရှိသေးကြောင်းကို ပြောကြားခဲ့ကြတာပါ။

ဒေါက်တာအေးဇော်ထွန်းဟာ ဒီဇင်ဘာလ(၅)ရက်နေ့ ညနေပိုင်းက သူထိုင်တဲ့ ဆေးခန်းပိတ်ချိန်အပြန်မှာ သူ့ရဲ့အပေါင်းသင်းမိတ်ဆွေတွေနဲ့တွေ့ဖို့ ချိန်းဆိုထားတာကြောင့် နေအိမ်ကနေ သူ့ရဲ့သားကိုခေါ်ပြီး သူငယ်ချင်းတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တာပါ။ အဲဒီနေ့ညအပြန်မှာ မိသားစုနဲ့ အဆက်အသွယ်ပြတ်ကာ ကားရော၊ လူရော ၊ ကလေးရော ပျောက်ဆုံးနေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က