Photo- Bo Win FB
CCTV မှတ်တမ်းတွေအရ ဒေါက်တာအေးဇော်ထွန်းမောင်းနှင်သွားတဲ့ ကားဟာ အတ္ထရံမြစ်ထဲကို ကျသွားနိုင်တဲ့ အနေအထားရှိတာကြောင့် တာဝန်ရှိသူတွေက ဒီကနေ့ ဒီဇင်ဘာလ(၂၄) ရက်နေ့က ညောင်ပင်ဆိပ် အတ္ထရံမြစ်အတွင်း ရေငုပ်သမားများငှားရမ်းပြီး ရှာဖွေခဲ့တယ်လို့သိရပါတယ်။
“ သူတို့စီးလာတဲ့ကားတစ်စီး လို့ယူဆရတဲ့ကားကို တွေ့တာပါ။ ဟုတ်မဟုတ်ကို ကမ်းပေါ်ရောက်ရင် အတည်ပြုပေးနိုင်မယ်။ မြစ်ထဲရှာဖွေရတာက CCTV မှတ်တမ်းအ ရကားက သူ့အိမ်ကိုလည်းကျော်သွားတယ်။ ပြီးတော့ ကားလမ်းကြောင်းကလည်း အတ္ထရံမြစ်ထဲကို တန်းနေတော့ မသင်္ကာလို့ရှာဖွေနေတာပါ။ “ မော်လမြိုင်လူမှုကယ်ဆယ်ရေးအသင်းမှ အတွင်းရေးမှူးက Duwun ကိုပြောပါတယ်။
ဒေါက်တာအေးဇော်ထွန်းတို့ သားအဖနှစ်ဦးဟာ ဒီဇင်ဘာလ(၅)ရက်နေ့ ညပိုင်းက မောင်းနှင်သွားတဲ့ ကားနဲ့ အတူပျောက်ဆုံးသွားခဲ့တာလည်းဖြစ်ပါတယ်။ မိသားစုဝင်တွေက ဖုန်းနဲ့ဆက်သွယ်တဲ့ အခါမှာ လည်း လုံးဝအဆက်အသွယ်မရှရှိခဲ့သလို ဒီနေ့ အချိန်ထိ သတင်းအစအနတောင်မကြားသိရသေးဘူးလို့ဆိုပါတယ်။ ဖြစ်နိုင်တဲ့ နေရာတွေကို လိုက်လံရှာဖွေနေပေမယ့်လည်း မတွေ့ရှိရသေးတာဖြစ်ပါတယ်။
Photo- Bo Win Fb
သူတို့ သားအဖနှစ်ဦးပျောက်ဆုံးမှုနဲ့ ပတ်သက်လို့ မိသားစုဝင်တွေကလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ သတင်းအမှားတွေကို မယုံကြည်ကြဖို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သေးသလို တာဝန်ရှိသူတွေကလည်း သက်ဆိုင်ရာတွေကို အကူအညီတောင်းပြီး ရှာဖွေလျှက်ရှိနေပါတယ်။
ဒေါက်တာအေးဇော်ထွန်းတို့ သားအဖနှစ်ဦးဟာ ပျောက်ဆုံးနေတာ နှစ်ပတ်ကျော် ကြာရှိနေပြီး မိသားစုနဲ့ အခုချိန်ထိ လုံးဝအဆက်အသွယ်မရရှိသေးတာလည်းဖြစ်ပါတယ်။