ချစ်စရာကောင်းတဲ့ စုံတွဲလေးအဖြစ် မြင်ရဦးမှာပါ။

နေခြည်ဦးနဲ့ မိုရီဆာကီဝင်းတို့ကိုတော့ ချစ်စရာကောင်းတဲ့ စုံတွဲလေးအဖြစ် ‘’အိပ်မက်တွေ မိုးထားတဲ့ အိမ်’’ ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးအတွက်လည်း ရင်ခုန်နေတယ်တဲ့။

Photo: Nay Chi Oo

နေခြည်ဦးက အခုဆိုရင် ‘’အိပ်မက်တွေ မိုးထားတဲ့ အိမ်’’ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေပြီဖြစ်ပါတယ်။ သူမအတွက်တော့ ဒီဇာတ်လမ်းတွဲဟာ ပထမဆုံးအကြိမ်ရိုက်ကူးရတာဖြစ်လို့ စိတ်လှုပ်ရှားနေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ဇာတ်ဝင်ခန်းက ၃၀၀ ကျော်ဆိုတော့ တစ်ခါမှလည်း အဲဒီလို မရိုက်ဖူးဘူး။ ဒီလို များတာလေးတစ်ခုမှာ ကိုယ့်ရဲ့ စိတ်က ကယောက်ကယက် ဖြစ်နေတဲ့ အခါကျတော့ အခုက Day 3 ပဲ ရှိသေးတဲ့ အခါကျတော့ Mood က အပြည့်အဝ မဝင်သေးဘူး။ နောက်ထပ် ၂ လလောက် ဆက်ရိုက်ရဦးမှာဆိုတော့ နေခြည်က ဒီဇာတ်ကားအတွက် စိတ်နှစ်ထားရဦးမှာပေါ့’’လို့ သူကဆိုပါတယ်။

Photo: Li John

ဒီဇာတ်လမ်းတွဲမှာတော့ မိုရီဆာကီဝင်းနဲ့ နေခြည်ဦးတို့က အတူတွဲသရုပ်ဆောင်ရမှာဖြစ်ပါတယ်။ သူမအတွက်တော့ အမှတ်တရတွေ ရှိလာဦးမယ့် ဇာတ်လမ်းတွဲပါလို့ ဆိုပါတယ်။

‘’ အမှတ်တရတွေတော့ဖြစ်မှာပါ။ သူက စကားဝဲတဲတဲလေးနဲ့ နေခြည်က စကားမြန်တာနဲ့တော့ အဲဒီမှာ နှစ်ယောက် တွေ့ကြပြီပေါ့။ ဒါပေမယ့် အခက်အခဲတွေ အများကြီးတော့ ရှိမှာ မဟုတ်ပါဘူး။ သူကလည်း လုံးဝ လူငယ်၊ အရမ်းသဘောကောင်းတယ်ဆိုတော့ နေခြည်တို့အတွဲက ပရိသတ်အမြင်မှာ ချစ်စရာကောင်းနေမှာပါ’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၅ ရက်နေ့က Cheers with Chi Chi ပွဲလေးမှာ ဖြေဆိုခဲ့တာပါ။

Photo: Nay Chi Oo

နေခြည်ဦးက အခုဆိုရင် သူမကိုချစ်တဲ့ ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမကလည်း We Love လေးတွေကို အရမ်းချစ်သလို၊ We Love လေးတွေကလည်း သူမကို အရမ်းချစ်ပါတယ်။ မကြာခဏဆိုသလို နေခြည်ဦးက ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စကားတွေ ပြောလေ့ရှိပါတယ်။သူမကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိလာတော့မှာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က