လူနာတွေရဲ့ အခြေအနေကို သိရှိရစေဖို့ မော်နီတာကြည့်ရှုပေးခြင်း၊ အရေးပေါ်ကိစ္စတွေမှာပါ အမြန်ဆုံးဖြစ်အောင် ပါဝင်အားဖြည့်ပေးခြင်းတို့ကို အသင်းဝန်ထမ်းတွေက ပြုလုပ်ပေးတာမျိုးတွေဖြစ်နိုင်ကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗြိတိန်နိုင်ငံရဲ့ အမျိုးသားကျန်းမာရေးဝန်ဆောင်မှု (NHS) ကို ကူညီပေးနိုင်ဖို့အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။ အသင်းဝန်ထမ်းတွေကို စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်စေမယ့်အချက်ကလည်း ဆွေးနွေးမှုထဲမှာ ပါဝင်နေခဲ့ပြီး အိုးထရက်ဖို့ဒ်ကွင်းကိုလည်း လိုအပ်ပါက အသုံးပြုဖို့ အသင်းပိုင်ရှင်များက ဖွင့်လှစ်ပေးထားမယ်လို့ ကမ်းလှမ်းထားကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။
လက်ရှိမှာ ပရီးမီးယားလိဂ်ကလပ်အသင်းတချို့က ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ကုသရေးအတွက် ပါဝင်ကူညီနေကြတာဖြစ်ပါတယ်။ ဝက်ဖို့ဒ်အသင်းကလည်း သူတို့ရဲ့အိမ်ကွင်းကို အရေးပေးအစည်းအဝေးတွေကျင်းပဖို့နဲ့ ဝန်ထမ်းတွေ လေ့ကျင့်ခန်းပြုလုပ်ဖို့ အသုံးပြုခွင့်ပေးထားကာ မန်စီးတီးကလည်း အီတီဟတ်ကွင်းကို အသုံးပြုလို့ရကြောင်း ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကတော့ အသင်းရဲ့ဝန်ထမ်းတွေကို အစိုးရထောက်ပံ့ကြေးမယူဘဲ လစာအပြည့်ပေးချေဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကိုတော့ ခွင့်ပေးထားခဲ့ပြီး အဆိုပါကာလအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ကုသရေးဆောင်ရွက်နေတဲ့ NHS ကို ကူညီစေဖို့ သင့်တော်တဲ့အလုပ်တွေကို လေ့လာစုံစမ်းခဲ့ပါတယ်။
လူနာတွေရဲ့ အခြေအနေကို သိရှိရစေဖို့ မော်နီတာကြည့်ရှုပေးခြင်း၊ အရေးပေါ်ကိစ္စတွေမှာပါ အမြန်ဆုံးဖြစ်အောင် ပါဝင်အားဖြည့်ပေးခြင်းတို့ကို အသင်းဝန်ထမ်းတွေက ပြုလုပ်ပေးတာမျိုးတွေဖြစ်နိုင်ကြောင်း သိရပါတယ်။ မန်စီးတီးအသင်းကလည်း အလားတူပဲ ကူညီပေးဖို့ ကမ်းလှမ်းထားကာ မန်ချက်စတာအသင်းနှစ်သင်းက အစားအသောက်တွေလောက်ငှစေဖို့လည်း Foodbank 19 ခုအတွက် ပေါင်တစ်သိန်းစီ လှူဒါန်းခဲ့ပါတယ်။