ယူနိုက်တက်မှာ အတူတွဲကစားခဲ့ဖူးတာပါ။

ဒေါ့မွန်တိုက်စစ်ကစားသမား ဆန်ချိုက ယူနိုက်တက်မှာ ခဏအကြာ တွဲကစားခဲ့ဖူးတဲ့ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ လေးစားအားကျမိပြီး ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်။ ရော်နယ်ဒို ယူနိုက်တက်ကို တစ်ကျော့ပြန်ရောက်လာချိန် ဆန်ချိုလည်း အသင်းမှာရှိနေတာပါ။



သူတို့နှစ်ယောက်ဟာ တစ်ရာသီကျော်ကြာ တွဲကစားခွင့်ရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဆောင်းရာသီမှာတော့ ရော်နယ်ဒိုနဲ့ ယူနိုက်တက်အကြား စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ ဒါ့အပြင် ဆန်ချိုကလည်း ယူနိုက်တက်မှာ ပြဿနာဖြစ်ပြီး အသင်းဟောင်း ဒေါ့မွန်ကို အငှားနဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့တာပါ။

ရော်နယ်ဒိုနဲ့ပတ်သက်လို့တော့ ဆန်ချိုက “ရော်နယ်ဒိုက ကြီးကျယ်ခမ်းနားတဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ပါ။ သူက ကျွန်တော် ကြီးပြင်းလာတဲ့ အချိန်တစ်လျှောက် စံပြပုဂ္ဂိုလ်တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ဓာတ်နဲ့ ယူနိုက်တက်မှာရှိနေတုန်းက အသင်းရဲ့ လူငယ်ကစားသမားတိုင်းအတွက် သူ စဉ်းစားပေးတာကို ကျွန်တော် သဘောကျပါတယ်”

“ထိပ်တန်းအဆင့်မှာ ဘယ်လိုနေရမယ်ဆိုတာကို သေချာပေါက် သင်ယူခွင့်ရရှိခဲ့ပြီး နေ့စဉ်နေ့တိုင်း ပွဲကစားသလိုမျိုး လေ့ကျင့်ခန်းဆင်းရမှာပါ။ အားကစားခန်းမမှာပဲဖြစ်ဖြစ်၊ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေမှာပဲဖြစ်ဖြစ်ပေါ့။ အိပ်စက်ခြင်းကလည်း အရေးကြီးပါတယ်။ သူ့ကို မြင်တွေ့ရတာ၊ သူနဲ့ တွဲကစားခွင့်ရတာက အိပ်မက်တွေ အမှန်တကယ်ဖြစ်ခဲ့တာပါ”

“ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ YouTube ဗီဒီယိုဖိုင်တွေကို ကြည့်ရတာ တကယ်ကို စိတ်ခွန်အားရလို့ပါ။ သူ ကျွန်တော့်ကို သင်ကြားပြသပေးခဲ့တဲ့အရာတွေအတွက် ကျွန်တော် သူ့ကို ကျေးဇူးတင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က