ဒီအကယ်ဒမီကစားသမားလေးက အသင်းကြီးနဲ့ ပထမဆုံးလေ့ကျင့်ခန်းဆင်းချိန်မှာပဲ ပုံစံကောင်းပြခဲ့တာပါ။

ချဲလ်ဆီးနဲ့အာဆင်နယ်တိုက်စစ်မှူးဟောင်းကြီး ဂျရူးဟာ ချဲလ်ဆီးမှာ ကစားခဲ့တုန်းက အသင်းရဲ့အကယ်ဒမီထွက် ကစားသမားလေးတစ်ယောက်ရဲ့ ခြေစွမ်းကို သဘောကျလွန်းခဲ့တာကြောင့် သူ့ကိုချီပိုးပြီး အိမ်ပြန်ပို့ပေးမယ်လို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒီအကယ်ဒမီကစားသမားလေးရဲ့ နာမည်ကတော့ ဟာဗေးဗယ်လာဖြစ်ပြီး လက်ရှိအချိန်မှာ ချဲလ်ဆီး ယူ- ၂၃ အတွက် အဓိက,ကစားသမားအဖြစ် ခြေစွမ်းပြနေတာပါ။



ကွင်းလယ်ကစားသမား ဗယ်လာဟာ ဒီရာသီမှာ ချဲလ်ဆီး ယူ- ၂၃ အတွက် (၁၂) ပွဲကစား (၅) ဂိုးသွင်းပေးထားပြီး အရင်အသင်းကြီးနည်းပြဟောင်း လမ်းပတ်လက်ထက်မှာ စီနီယာအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်ရရှိခဲ့ပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရတော့ ဗယ်လာဟာ အသင်းကြီးနဲ့ လေ့ကျင့်ခန်း တစ်ကြိမ်ဆင်းပြီးချိန်မှာတင် အထင်ကြီးလောက်စရာ ခြေစွမ်းကို ပြသခဲ့ပြီး ဂျရူးက လေ့ကျင့်ခန်းအပြီးမှာ သူနဲ့ သွားရောက်စကားပြောဖြစ်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ ဂျရူးက ဗယ်လာကို ကားဘယ်နားရပ်ထားလဲ မေးမြန်းခဲ့ရာမှာ ဗယ်လာက သူ့အနေနဲ့ အသက်မပြည့်သေးတာကြောင့် ကားမောင်းလို့မရသေးကြောင်း၊ တက္ကစီနဲ့ အိမ်ပြန်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဂျရူးက သူ့ကို ကလေးငယ်တစ်ယောက်လို ချီပိုးပြီး အိမ်ပြန်ပို့ပေးမယ်လို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဗယ်လာဟာ လက်ရှိအချိန်မှာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေပြီး မကြာခင်မှာပဲ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အင်္ဂလန် ယူ- ၁၉ နဲ့ ချဲလ်ဆီး ယူ- ၁၉ တို့မှာ အသင်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဗယ်လာဟာ လက်ရှိနည်းပြ တူချယ်လ်လက်ထက်မှာလည်း အသင်းကြီးနဲ့ မကြာခဏ လေ့ကျင့်ခန်းဆင်းခွင့်ရရှိနေပါတယ်။

ဗယ်လာကိုယ်တိုင်ကလည်း ချဲလ်ဆီးမှာပဲဆက်နေကာ အသင်းကြီးကို အမြန်ဆုံးရောက်ရှိလာဖို့ မျှော်လင့်နေပြီး ဘယ်အချိန်မှာ အခွင့်အရေးရလာမလဲဆိုတာကတော့ နည်းပြကြီးတူချယ်လ်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေတာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က