မက်ဆီက အရန်လူစာရင်းမှာတောင် မပါဝင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဘိုလီဗီးယားနဲ့ ခြေစမ်းပွဲမှာ မက်ဆီက အာဂျင်တီးနားအတွက် ဝင်မကစားခဲ့ပါဘူး။ သူဟာ အသင်းနဲ့အတူ လိုက်ပါသွားခဲ့ပေမယ့်လည်း အရန်စာရင်းမှာတောင်မပါဝင်ခဲ့ဘဲ ရှိနေခဲ့ကာ အနားပေးထားခဲ့တာပါ။ အင်တာမိုင်ယာမီအတွက် ၆ ပတ်အတွင်းမှာ ၁၁ ပွဲအထိ ကစားပေးခဲ့တဲ့ မက်ဆီကို ကစားရခက်တဲ့ ဘိုလီဗီးယားကွင်းမှာ မကစားခိုင်းခဲ့တာလို့ ယူဆရပါတယ်။ 

ဒါပေမယ့် မက်ဆီက အရန်ခုံတန်းမှာ အသင်းဖော်တွေနဲ့အတူတူရှိနေခဲ့ပါတယ်။ တကယ်ဆိုရင် ကစားသမားတဦးအနေနဲ့ အရန်လူစာရင်းမှာ မပါဝင်ဘူးဆိုရင် အရန်ခုံမှာ ထိုင်ခွင့်မရှိပါဘူး။ မက်ဆီ ဒီလိုမျိုး အသင်းနဲ့အနီးကပ်ရှိနေအောင် အာဂျင်တီးနားတို့ လုပ်ဆောင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ 

အဲဒါကတော့ အသင်းရဲ့ Team Sheet မှာ မက်ဆီကို အသင်းနည်းပြအဖွဲ့ လက်ထောက်တဦးအဖြစ် ဖော်ပြထားခဲ့ကာ မက်ဆီကလည်း လက်မှတ်ထိုးပေးခဲ့တာပါ။ ဒါကြောင့် မက်ဆီက အသင်းအဖွဲ့ဝင်တဦးအဖြစ်ရှိနေခဲ့ပြီး အရန်ခုံမှာ ရှိနေခဲ့တယ်လို့ Bolavip က ဖော်ပြခဲ့ပါတယ်။ 

တကယ်ဆို မက်ဆီက ပွဲကြည့်စင်ပေါ်နေသာ ကြည့်ရတော့မှာဖြစ်ပြီး ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သူက အနီးကပ်ရှိနေခဲ့ပြီး အသင်းဖော်တွေအတွက်လည်း အားဖြစ်စေခဲ့ပါတယ်။ မက်ဆီ မကစားဘူးဆိုတာ သိပေမယ့်လည်း အသင်းခေါင်းဆောင်လည်းဖြစ်၊ အားအကိုးရဆုံးကစားသမားလည်းဖြစ်သူ ကွင်းထဲမှာ ရှိနေတာနဲ့ ရှိမနေတာရဲ့ ကွာခြားချက်က ကြီးမားလွန်းပါတယ်။ 

Share

Loading Next Article...
က္က