ဗန်ဒီဘိခ် အဲဗာတန်ကို ပြောင်းဖို့ ဆုံးဖြတ်ချက်ချလိုက်တာပါ။

ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ လက်ကျန်ရာသီဝက်အတွက် ပရီးမီးယားလိဂ် အသင်းတသင်းပဲဖြစ်တဲ့ အဲဗာတန်ကို အငှားနဲ့ သွားရောက်ကစားဖို့ ဆုံးဖြတ်လိုက်ပြီလို့ နာမည်ကျော်သတင်းဌာနတွေက အတည်ပြုပေးခဲ့ပါတယ်။ ဗန်ဒီဘိခ်ကို အငှားနဲ့ခေါ်ယူဖို့အတွက် ခရစ္စတယ်ပဲလေ့စ်၊ အဲဗာတန်တို့က အားစိုက်ကြိုးပမ်းခဲ့ကြပြီး နောက်ဆုံးမှာတော့ ဗန်ဒီဘိခ်က အဲဗာတန်ကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။ ဗန်ဒီဘိခ်ကို ခရစ္စတယ်ပဲလေ့စ်က အသည်းအသန်လိုချင်ခဲ့ပြီး နည်းပြ ဗီအဲရာကိုယ်တိုင်က တွန်းအားပေးခဲ့ပါတယ်။



ဒါပေမယ့် နောက်ဆုံးမှာတော့ ကစားသမားကိုယ်တိုင်က အဲဗာတန်ကိုသာ ရွေးချယ်ခဲ့တာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ ခရစ္စတယ်ပဲလေ့စ်၊ အဲဗာတန်တို့ရဲ့ ကမ်းလှမ်းမှုတွေအနက် ဗန်ဒီဘိခ်ကို စောင့်ဆိုင်းရွေးချယ်စေခဲ့ပါတယ်။

ဗန်ဒီဘိခ်ကို အငှားခေါ်ယူတဲ့နေရာမှာတော့ အပြီးသတ်ခေါ်ယူခွင့် လုံးဝပါရှိမှာမဟုတ်ဘဲ နည်းပြရန်းနစ်ဂ်အပါအဝင် ကလပ်အသင်း တာဝန်ရှိသူတွေဟာ ဗန်ဒီဘိခ်ကို လာမယ့်ဘောလုံးရာသီ အသင်းရဲ့လူစာရင်းမှာ ထည့်သွင်းထားဖို့ ဆန္ဒရှိနေပါတယ်။ အစောပိုင်းမှာ ဗန်ဒီဘိခ်အတွက် ကမ်းလှမ်းမှုတွေကို ယူနိုက်တက်ဘက်က လုံးဝ မစဥ်းစားခဲ့ပေမယ့် ကစားသမားအတွက်လည်း ပွဲထွက်ခွင့် လိုအပ်တာကြောင့် အခုလိုပဲ လက်ကျန်ခြောက်လအတွက် လက်လွှတ်ခံခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ကစားသမားတွေကို ဆက်တိုက်ဆိုသလို အငှားချနေပြီး တိုက်စစ်ကစားသမား မာရှယ်ကို ဆီဗီလာ၊ အာမက်ဒီယာလိုကို ရိန်းဂျားစ်နဲ့ အခု ဗန်ဒီဘိခ်ကို အဲဗာတန်ဆီ အငှားချခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ရဲ့ အခြားသော တိုက်စစ်ကစားသမားဖြစ်တဲ့ လင်ဂတ်ကိုလည်း နယူးကာဆယ်က အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းနေပြီး ဒီအပေါ်မှာတော့ ဆွေးနွေးမှုတွေက အဆင်မပြေဖြစ်နေဆဲဖြစ်ပါတယ်။

ဗန်ဒီဘိခ်ဟာ ဆိုးလ်ရှားလက်ထက်မှာ ယူနိုက်တက်ကို ရောက်ရှိလာတဲ့ ကစားသမားဖြစ်ပြီး အရံခုံမှာပဲ အမြဲတမ်း ထိုင်နေခဲ့ရတာကြောင့် အသင်းကထွက်ခွာဖို့ ပြင်ဆင်ခဲ့ရတာပါ။ နည်းပြ ရန်းနစ်ဂ်လက်ထက်မှာလည်း ဗန်ဒီဘိခ်ကို ပုံမှန်နေရာပေးဖို့ ပရိသတ်တွေက မျှော်လင့်ခဲ့ကြပေမယ့် ဘာမှမထူးခြားတာကြောင့် အခုလိုပဲ အငှားနဲ့ ထွက်ကစားခဲ့ရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က